Chapter 14

5.4K 523 13
                                    

"ဇေ, ဘုန်းမြတ်သွေး နဲ့ အရင်သွားနှင့် အမတို့ ယူစရာရှိတာတွေ ယူပြီး နောက်က လိုက်ခဲ့မယ်"

   မမူယာ နှင့် မဒါလီကို ဇေ ခေါင်းတချက် ငြိမ့်ပြလိုက်ပြီး

   အရှေ့က ဦးဆောင်ကာ ထွက်သွားသော ဘုန်းမြတ်သွေးနောက် စိတ်မပါပဲ လိုက်လာခဲ့ရသည်။

Ding*

    ဓာတ်လှေကား ထဲတွင် ဇေ့ကို စကားတခွန်းမှ မပြော

   သူ့ ဖုန်းနှင့် အလုပ်ရှုပ်နေသော ဘုန်းမြတ်သွေးကို ဇေလည်း ဂရုမစိုက်ချင်တော့ . . . . 

   လျစ်လျူ ရှုထားလိုက်ရင်း ဇေ အတွေး နယ်ချဲ့ နေမိသည်က

    ဒီ သွေးအေးလူသားကြီးကို ဟန်ဆောင် စေ့စပ်ဖို့ လက်ခံခဲ့တာ ဇေ မှားများသွားပြီလား . . . . ?

   ဇေ အခုနေ ထွက်ပြေးရင် ကောင်းမလား . . . .

ပလုပ် တုတ်တုတ် ဖိုး၀ရုပ် !!!

   ရုပ်တရက်ကြီး ဇေ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သော ဘုန်းမြတ်သွေးကြောင့် ဇေ လန့်သွားမိသည်။

" ခင်ဗျား ဘာလုပ်တာလဲ?! "

   ဘုန်းမြတ်သွေး ရဲ့ ရင်ခွင်ထဲက ရုံးထွက်ဖို့ အတင်း ကြိုးစားပေမယ့်

    ဘုန်းမြတ်သွေးက ဘယ်လိုမှ လွှတ်မပေး . . . .  ပိုမို တင်းကျပ်စွာ ဇေ့ကို ဖက်ထားသည်။

"ဇေ့ကို လွှတ်ဗျာ . . . ."

     ရုံးထွက်ရန် ကြိုးစားနေသော ဇေ , ဘုန်းမြတ်သွေးက ဇေ့ နှုတ်ခမ်းလေးကို

     အနမ်း ပေးလိုက်လိမ့်မည်လို့ လုံး၀ မျှော်လင့် မထားခဲ့

"ခင်ဗျား ရူးနေလား ?!"

     ဘုန်းမြတ်သွေး ဇေ့ကို လွှတ်ပေး လိုက်သည်နှင့် ဇေ့ နှုတ်ခမ်းများကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်း သုပ်ရင်း အော်လိုက်မိတော့

  အချိန်ကိုက် ဓာတ်လှေကား တံခါးက ding ခနဲ အသံမြည်ပြီး ပွင့်သွားချိန်တွင်

   ဇေ့ကို ဖက်ထားသော ဘုန်းမြတ်သွေး၏ လက်များ ဇေ့ ခန္တာကိုယ်ပေါ်မှ ဆုတ်ခွာသွားပြီး

Hire . Com (Be My Rental Boyfriend Forever!)Where stories live. Discover now