Dear Diary,
Today is the worst day of my life🌪️ 🌩️⛈️
Zay Lin Latt
ဒီနေ့ တနေ့လုံး ဘုန်းမြတ်သွေး အလိုတိုင်း လျှောက်လိုက်နေရပြီး
ဘုန်းမြတ်သွေး မောင်းလာသော ကားက ရန်ကုန် အထွက်ကို ရောက်လာသည်မို့ ဇေ စိတ်ပူလာမိသည်။
"ဇေ့ကို ဘယ်ခေါ်သွားနေတာလဲ ? "
သွေးအေးသော ရေခဲတုံးကြီး ပုံက ယုံရသည့် လူမဟုတ် . . .
တော်ကြာ ဇေ့ကို လူကုန်ကူး ဂိုဏ်းများဆီ ရောင်းစားလိုက်ရင် . . . .
"ဘယ်ကို သွားနေတာလဲလို့ ? "
ကြောက်စိတ်များကို ထိန်းရင်း ဇေ ခပ်ဆပ်ဆပ်လေး ထပ်မေးလိုက်တော့မှ
" ဟို ရောက်တော့ သိရမှာပေါ့ "
တဲ့ ဘုန်းမြတ်သွေးရဲ့ အေးစက်သော အဖြေကို ဇေ လုံး၀ သဘောမကျ ။
"ခင်ဗျား နော် မဟုတ်က ဟုတ်က နေရာတွေ ခေါ်သွားဖို့ မလုပ်နဲ့ ဇေက ဂျူဒို တတ်တယ် ခင်ဗျားကို ကိုင်ပေါက် ပစ်လိုက်မှာ "
ဇေ ခြိမ်းခြောက်သည်ကို မကြောက်သည့် အပြင်
"မင်းက ကိုယ့်ကို နိုင်လို့လား ?"
နှုတ်ခမ်း တဖက် အပေါ်တက်ရုံ ပြုံးရင်း စိန်ခေါ်လာတော့ . . . ဇေ အပီ တင်းသွားရသည်။
"ဇေ့ကို အထင်သေး တာလား ? ဇေက သုံးတန်းတုံးက ဂျူဒို ချန်ပီယံနော် "
အမှန်က လေးတန်းမှ စ၍ မကစား ဖြစ်တော့ . . .
ဒါကိုတော့ ဘုန်းမြတ်သွေးကို မပြောပြရန် ဆုံးဖြတ်လိုက်သည်။
" ဟုတ်ပါပြီ ဂျူဒို ချန်ပီယံလေးရယ် . . . ကိုယ် တို့ ရောက်ပြီ ဆိုတော့ ကားပေါ်က ဆင်းရအောင် "
ဘုန်းမြတ်သွေးက ရောက်ပြီဆိုသော နေရာက ခြံစည်းရိုး အမြင့်ကြီးများ ကာထားသော ခြံ အကျယ်ကြီး အတွင်းရှိ ခမ်းနားသော အိမ်ကြီး တလုံး . . . .
ခြံအတွင်းရှိ ခြံစောင့် ဖြစ်ဟန်တူသော လူများပုံက action ရုပ်ရှင် များထဲမှ လူကြမ်းများ ပုံများနဲ့
ဇေကို အမဲဖျက် မလို ကြည့်နေကြတော့ . . . .
သေချာပါသည်။ ဘုန်းမြတ်သွေး ဇေ့ကို လူကုန်ကူး ဂိုဏ်းဆီမှာ ရောင်းစားတော့မည် ဆိုတာ . . . .
YOU ARE READING
Hire . Com (Be My Rental Boyfriend Forever!)
Teen Fictionရည်းစား အတု၊ မိဘ အတု၊ မိသားစု အတု ၊ သူငယ်ချင်း အတု အစရှိသော fake relationship အငှား ၀န်ဆောင်မှုပေးသော Hire.Com ရဲ့ ပိုင်ရှင် သူဌေး ပေါက်စ 'ဇေလင်းလက်' ထို သူဌေးပေါက်စကို တသက်လုံး အတွက် fake boyfriend အဖြစ် လာငှားသူက Super High Boss ' ဘုန်းမြတ်သွေး'...