တနဂ်နွေ , ရက်သတ္တပတ် တခုကို စတင်သော နေ့လေး ဖြစ်သလို
အလုပ်များ ကျောင်းများ ပိတ်သော တနဂ်နွေ . . . . .
ကမ္ဘာပေါ်ရှိ လူအများ အတွက် တန်ဖိုးရှိသော အားလပ်ရက် နေ့လေး တနဂ်နွေ . . . .
ဇေလင်းလက်ရဲ့ တရား၀င် အပျင်းထူသော နေ့လေး တနဂ်နွေ . . . . .
အလုပ်ပိတ်သော တနဂ်နွေနေ့သည် ဇေ့ရဲ့ တရား၀င် အပျင်းထူသော နေ့ဖြစ်သည်။
ထိုနေ့တွင် ဇေ့ကို မည်သူမျှ ဖုန်းခေါ်ဆိုခြင်း မပြုရသလို အပြင်သို့ သွားရန် ခေါ်ဆောင်ခြင်း မပြုရ !
ထို အမိန့်ကို မလိုက်နာသော သူသည် ကြီးလေးသော အပြစ်ဒဏ်ခံ ရမည် ကို အားလုံး သိပြီး ဖြစ်သည်။
သို့ပေမယ့် . . . . ထို စည်းကမ်းကို မသိသေးသော သူ တယောက်တော့ ရှိနေသည်။
အိပ်ရာထဲ လှဲလျောင်းရင်း တနေ့လုံး YouTube ကြည့်ရင်း အချိန်ကုန်ရန် ရည်ရွယ်ထားသော ဇေ . . . .
အိပ်ရာဘေးရှိ စားပွဲပေါ်တွင် ထွန်းညှိထားသော နှင်းဆီနံ့ ရှိသော ဖယောင်းတိုင်မှ မီးတောက်လေး . . .
. . . . . လေတိုက်ခြင်း အလျဉ်း မရှိပါဘဲ ရုပ်တရက် မှိတ်သွားသည့်မို့
ဇေရဲ့ တရား၀င် အပျင်းထူသော နေ့လေးကို ဖျက်ဆီးမည့်
အဖျက်အဆီး တခု ရောက်လာတော့မည်ကို နားလည်လိုက်ရပြီး
Ding dong !
အချိန်ကိုက် ကျယ်လောင်စွာ မြည်လာသော တံခါး ဘဲလ် သံကြောင့် ကြက်သီးလေးများပင် ထသွားရတော့သည်။
"ဘယ်သူလဲ ?"
ဇေ့ရဲ့ တရား၀င် အပျင်းထူသော နေ့လေးကို ဖျက်ဆီးလိုက်သော သူက . . . .
"ဘုန်းမြတ်သွေး ?!!"
ရုပ်တရက်ကြီး အကြောင်းမကြားဘဲ ရောက်ချလာသော ရေခဲတုံးကြီးက ဇေ့ကို နှုတ်ခမ်းထောင့် အပေါ်တက်ရုံလေး ပြုံးပြနေပြီး
"Hi "
"ခင်ဗျား ဒီကို ဘယ်လို. . . . . ? "
"ကိုယ် အိမ်ထဲ ၀င်လို့ရမလား "

YOU ARE READING
Hire . Com (Be My Rental Boyfriend Forever!)
Teen Fictionရည်းစား အတု၊ မိဘ အတု၊ မိသားစု အတု ၊ သူငယ်ချင်း အတု အစရှိသော fake relationship အငှား ၀န်ဆောင်မှုပေးသော Hire.Com ရဲ့ ပိုင်ရှင် သူဌေး ပေါက်စ 'ဇေလင်းလက်' ထို သူဌေးပေါက်စကို တသက်လုံး အတွက် fake boyfriend အဖြစ် လာငှားသူက Super High Boss ' ဘုန်းမြတ်သွေး'...