Chapter 20

5.2K 461 25
                                    

  ဇေ, ပျင်းပျင်းနဲ့ စာရွက် အလွတ်ပေါ်တွင် အရုပ်လေးများ ရေးဆွဲနေချိန်

     ရုပ်တရက် ကျယ်လောင်စွာ မြည်လာသော ဇေ့ရဲ့ ဖုန်းမြည်သံကြောင့် လန့်သွားမိပြီး

   ဇေ့ကို ဖုန်းခေါ်သူက အန်ကယ် ဦးထွန်းမြင့် ဖြစ်နေသည်မို့

   အန်တီ မေချစ်များ နေမကောင်းလို့ များလားဟု လန့်သွားမိပြီး ဖုန်းကို မြန်မြန်လေး ဖြေလိုက်တော့

"ဟုတ် ပြောပါ အန်ကယ် "

"ဇေ့ကို အန်ကယ် အကူအညီလေး တခုလောက် တောင်းလို့ရမလား "

"ဟုတ် ရပါတယ် ဇေ ကူညီနိုင်သလောက် ကူညီပါ့မယ်"

"ဒီနေ့က ဦးမိန်းမ မွေးနေ့လေ . .  .သူက ဒီနေ့ ဦးတို့သားကြီး မင်းသုတ ပြန်လာမယ် ထင်နေတာ. . . အဲ့ဒါ ဇေ . . . "

   အန်ကယ် ဦးထွန်းမြင့် ဘက်က ပြောဖို့ ခက်နေသည်မို့ ဇေကပင်

"ဇေ လာပေးနိုင်ပါတယ် "

     ဦးဆောင်ကာ ပြောလိုက်တော့ ဇေ့ကို ကျေးဇူးတင် စကား ပြောလာသော အန်ကယ့် လေသံတွင် ပျော်ရွှင်မှုများ အပြည့် . . . 

"ကျေးဇူးအများကြီး တင်ပါတယ် ဇေရယ် "

    အန်ကယ် ဦးထွန်းမြင့်ရဲ့ ဖုန်းကို ချလိုက်ပြီး ဇေ အတွေးများနဲ့ ငိုင်နေမိသည်။

    ဇေ, အန်တီ ဒေါ်မေချစ်ကို ဟိုတလောက တခေါက် သွားတွေ့ဖြစ်ခဲ့ ပေမယ့်

    အန်တီက ဇေ့ကို မြင်ရင် မကြာခဏ လာတွေ့ခိုင်းနေမည်ကို  စိုးသောကြောင့်

    ဆေးရုံခန်းထဲ မ၀င်ရန် တောင်းဆိုလာသော အန်ကယ့်ရဲ့ ဆန္ဒအတိုင်း ဇေ အပြင်ကနေဘဲ အန်တီ့ကို ငေးကြည့်ခဲ့ရသည်။

    အခုတော့ အန်တီ့ကို အနီးကပ် တွေ့ခွင့်ရတော့မည်ဟု ဇေ ပျော်နေမိသည်။

   ဆေးရုံမှာ အမြဲနေနေရသော  အန်တီ ပျော်သွားစေရန် surprise birthday party လေးတခုလည်း လုပ်ပေးချင်သည်။

    ဒါပေမယ့် , အန်တီတို့ လင်မယားနှင့် ထပ်မတွေ့ရဟု အမိန့်ထုပ်ထားသော မသီရိကို သတိရပြီး ဇေ စိတ်ညစ်သွားရပေမယ့်

Hire . Com (Be My Rental Boyfriend Forever!)Where stories live. Discover now