Chapter 11

5.7K 537 14
                                    

"ဇေ ကိုယ် ဘုန်းမြတ်သွေးပါ "

  မျက်လုံး တွေ မှိတ်ပြီး စွတ်အော်နေသော ဇေ ဘုန်းမြတ်သွေး အသံကြောင့် မရဲတရဲ မျက်လုံး ဖွင့်ကြည့်မိတော့ ဘုန်းမြတ်သွေးက ဇေ့ကို  ကြည့်နေသည်။

"မင်း ပြောတော့ ပြေးရတာ မုန်းတယ်ဆို . . . အခု ကျတော့လည်း မြန်လိုက်တာ "

မြန်မှာပေါ့ ဒီက သရဲ ကြောက်တာကိုး . . . .

"စောနက ဇေ့ ပခုံးကို ကိုင်တာ ခင်ဗျားလား? "

"အင်းလေ "

"ခင်ဗျား လက်တွေက ဘာလို့ အေးစက်နေတာလဲ? "

"ကိုယ့်ကား AC က အရမ်းအေးတော့ လက်တွေလည်း အေးတာပေါ့ "

   အခုမှ ဇေ့ရဲ့ အသက်ရှုသံတွေ မှန်လာပြီး ကြောက်စိတ်များလည်း ပျောက်သွားသည်။

"ခင်ဗျားက ဒီအချိန်ကြီး မအိပ်ဘဲ ဘာလုပ်နေတာလဲ ? "

"ဒီနားက Hotel မှာ နိုင်ငံခြား ဧည့်သည်ကို လာတွေ့ရင်း မင်းကို မြင်လိုက်လို့ လိုက်လာတာလေ "

    ဘုန်းမြတ်သွေး ကိုယ်က အရင်ကလို ‌အကောင်းစား ရေမွေးနံ့ မရဘဲ အရက်နံ့ အနည်းငယ် ရ‌နေပြီး မျက်လုံးများကလည်း ရီဝေဝေနဲ့ မို့

"ခင်ဗျား သောက်ထားတာလား ?"

"နည်းနည်းပါ ။ ဧည့်သည်တွေက သောက်ကြမယ် ပြောလို့ သောက်လိုက်တာ "

"ဇေ့ကို ဘာပြောချင်လို့ လိုက်လာတာလဲ"

  ဘုန်းမြတ်သွေး က ထုံးစံအတိုင်း မဖြေ ။

    ရုပ်တရက် ဇေ့ပါးနှစ်ဖက်ကို သူ့ လက်အေးအေးကြီး နဲ့ အသားကုန် ဖြစ်ညစ်လိုက်ပြီး . . . .

"ဇေ မင်း ဒီ ဆံပင် အပြာ နဲ့ အရမ်း လိုက်တယ် "

    သွားပြီ ! ဒီ လူကြီးတော့ မူးပြီး ရစ်ပြီ ထင်သည်။

"ခင်ဗျား မူးရင်လည်း အေးဆေးနေဗျာ မရစ်နဲ့ "

    ဇေ့ကို အသေ ဖြစ်ညစ်နေသော လူကြီးရဲ့ လက်များကို ဆွဲဖယ်ရင်း ပြောလိုက်တော့ တမျိုး ပြောင်းရစ်လာသည်။

   ဇေ့ ခါးကို စပါးကြီး မြွေတကောင်လို တင်းကျပ်စွာ  ရစ်ပတ်လိုက်သော ဘုန်းမြတ်သွေးရဲ့ လက်များနဲ့ အတူ

Hire . Com (Be My Rental Boyfriend Forever!)Où les histoires vivent. Découvrez maintenant