Chapter(1)

1.5K 167 2
                                    


{{ UNICODE }}🍃🍃

"Boss သခင်လေးကမနက်ဖြန် Flight နဲ့ပြန်လာမှာပါ"

"ဟင် မနက်ဖြန်"

ယွင်ရှီး နဝေတိမ်တောင်ဖြစ်ကာ Secretary အားမော့ကြည့်တော့ ဟိုက"ကျွန်တော်သတင်းကမှန်ကန်ပါတယ်"မှားစရာမရှိဘူးဟူသော အကြည့်များနှင့်ပြန်ကြည့်လာတာမို့..

"ငါသိပြီ "

"Boss က သွားမကြိုဘူးလား??"

"မကြိုဘူး၊ ငါကိုမသိစေချင်လို့ ကြိုမပြောတာပေါ့၊ ဘာလို့သွားကြိုမှာလဲ လွှတ်ထားလိုက်"

"ဟုတ်"

Secretary ထွက်သွားတော့မှ ယွင်ရှီးမှာဟင်း ခနဲမြည်အောင်သက်ပြင်းချရင်း အလုပ်စားပွဲမှာထရပ်လိုက်သည်။

"ယွီးအာ တောင်ပြန်လာတော့မှာပဲ၊ ဘာလိုလိုနှင့် ၅ နှစ်တောင်ကြာသွားပြီကို"

လာမယ့်ရက်ကို မိမိကိုကြိုမပြောပဲ စပရိုက်လုပ်ချင်နေပုံပင်။ ကျွန်တော်သိတာပေါ့ ဒီကလေးက ကိုယ့်လက်ပေါ်မှာကြီးပြင်းလာတာ မဟုတ်လား???

ဒီလောက်ထိ ခံစားချက်တွေထိန်းချုပ်ပြီး အုပ်ထိန်းသူပီပီမျက်နှာကြော တင်းတင်းဆက်ဆံတာတောင် ဒီကလေးငယ်က မိမိအပေါ်စိတ်ယိုင်နေသည်တယ့်။

ဒါက မဖြစ်သင့်ဘူးလေ၊
သူက ကျွန်တော့်ရဲ့မွေးစားသား၊ တူလို သားလိုချစ်ရတယ့်သူ၊

တွေးရင်း တွေးရင်း လွန်ခဲ့သော ၅နှစ်ကအဖြစ်အပျက်တစ်ခုက အနှေးပြကွက်တစ်ခုလို ယွင်ရှီး အာရုံထဲဝင်ရောက်လာသည်။

၁၅ နှစ်အရွယ်ကောင်လေးတစ်ယောက်နှင့် ၂၇နှစ်အရွယ်လူရွယ်တစ်ယောက်။

ကောင်ငယ်လေးမျက်လုံးများမှာ မျက်ရည်တို့နှင့်ပြည့်ဝိုင်းနေကာ..

"ဦးး ကျွန်တော် Switzerlandကို မသွားချင်ဘူး၊ China မှာပဲကျောင်းဆက်တတ်လို့မရဘူးလား??"

"ယွီအာ အနာဂတ်အတွက်လုပ်နေတာလေ၊ ဘာလို့ကလေးလို ငိုနေရတာလဲ?"

လေသံအနည်းငယ်မာနေသော်လည်း မျက်ဝန်းအစုံက နူးညံ့ခြင်းတို့နှင့်ပျော်ဝင်လျက်..။

ထိုစဥ် မထင်မှတ်ထားသောကိစ္စတစ်ခုက လျပ်တစ်ပြတ်ဖြစ်သွားခဲ့သည်၊ မိမိလည်ပင်းက လက်သေးသေးလေးနှစ်ဖက်နှင့် ဆွဲယူခံလိုက်ရကာ နှုတ်ခမ်းပါးတို့က နွေးခနဲဖြစ်သည်။

"Breeze"Where stories live. Discover now