Chapter (7)

684 96 8
                                    

[[ UNICODE ]]

"ဦးးဘယ်သွားမလို့လဲ?
ကျွန်တော်လည်း လိုက်မယ်လေ"

ဖေးယွီ က File တစ်ထပ်ကိုရင်မှာပိုက်ရင်း Secretary တစ်ယောက်လိုဟိတ်ဟန်နှင့် ဦးးဘေးမှာယှဥ်တွဲရပ်လိုက်သည်။ နေမကောင်းချင်ယောင်ဆောင်ပြီးကတည်းက ဦးးဘက်ကလေစိမ်းတွေတိုက်နေတာ တော်တော်ကြာပြီ၊

ရိပ်မိသွားလို့များလား??
မဖြစ်နိုင်ပါဘူး ဦးးကနည်းနည်းပိန်းတယ်လေ၊ အဲ့ဒါကြောင့်ကျွန်တော့်အချစ်တွေကို မမြင်တာပေါ့ ဟုတ်တယ်မလား???

တစ်ယောက်က အတွေးများနေသလို တစ်ယောက်ကလဲ မျက်စောင်းကြီးတစ်ဝင့်ဝင့်နဲ့လည်ပြန်ကြည့်ရင်း..

"ငါ ရှောင်လန်နဲ့ပဲသွားလိုက်မယ် ၊ မင်းက Marketing ဌာနဘက်ကိုသွားပြီး ဝင်ငွေ၊ထွက်ငွေစာရင်းသွားစစ်လိုက်"

"ဦးး"

ဖေးယွီ ရဲ့ ခပ်ဆောင့်ဆောင့်ခေါ်သံအဆုံးမှာ ယွင်ရှီး မျက်ခုံးအစုံကတွန့်ကြုတ်သွားသလို ရှောင်လန်မှာလဲ သခင်နှစ်ယောက်ကိုကြည့်ကာ ဗျာများသွားသည်။

"ဘာဖြစ်တာလဲ?
Marketing ဌာနကိုမသွားတတ်ဘူးလို့တော့မပြောနဲ့နော် "

"Marketing ဌာနကိုကျွန်တော်သိတာပေါ့၊ကျွန်တော်က CEO လက်ထောက်လေ၊ ဘာလို့ အဲ့ဌာနရဲ့ ငွေဝင်ငွေထွက်ကိုသွားစစ်ရမှာလဲလို့ အဓိပ္ပါယ်မရှိတာကို "

နှုတ်ခမ်းတစ်ထော်ထော်နှင့် ကတ်ကတ်လန်ရန်တွေ့နေပုံကြောင့် ယွင်ရှီး မှာပြုံးတော့မလိုတောင်ဖြစ်သွားရသည်။ ဖေးယွီ ကတော့ ဦးးအနားကပ်ရဖို့အရေး အမျိုးမျိုးကြံစည်နေကာ..

"ဦးး"

"ဦးး ဆို"

နှုတ်ခမ်းလေးထော်ကာ ခြေကိုနှစ်ချက်ဆောင့်သည်။ ထို့နောက် မျက်လုံးအစုံမှာ မျက်ရည်များပြည့်ဝိုင်းလာပုံက မခေါ်လျှင်ခြေစင်းပြီး အူလှိုက်သည်းလှိုက်ငိုယိုတော့မည့် ကလေးတစ်ယောက်လိုပင် ။

ယွင်ရှီး နှလုံးသားလေးက ဖေးယွီနဲ့ပတ်သတ်ရင် အရမ်းကိုနုနယ်လွန်းတာမို့ သက်ပြင်းမောကိုသာ ခပ်ကြီးကြီးမှုတ်ထုတ်လိုက်ပြီး...

"Breeze"Where stories live. Discover now