Chapter(8)

596 92 8
                                    


{{ UNICODE }}

"ဖေးယွီ နေမကောင်းဘူးလား?"

"အမ် ကောင်းပါတယ် ဒီလိုပဲ"

တစ်ရက်လုံးစကားမပြောတယ့်အပြင် နေ့လည်စာထမင်းစားချိန်တောင် ငေါင်နေတယ့်ဒီကောင်လေးက နည်းနည်းတော့ဆန်းကြယ်သည်မဟုတ်လား? ခုလဲတုန်နိဘာဝေးနဲ့ တူကိုကောက်ကိုင်လိုက်ပေမယ့် ပြောင်းပြန်ဖြစ်နေခဲ့သည်လေ။

"ဖေးယွီ မင်းတကယ်အဆင်ပြေရဲ့လား?"

"အင်း "

လက်ထဲမှ တူတစ်စုံကိုအတည့်ပြန်ကိုင်ပြီး ဦးးကိုမျက်လွှာအသာပင့်ကြည့်လိုက်သည်။ ဦးးမျက်လုံးမှာအစုံမှာစိုးရိမ်မှုတို့ အုံ့ဖွဲ့နေတာကြောင့် ဒုတိယအစီအစဥ်ကို စ ရန်မျက်နှာကို Acting အပြည့်နှင့် Moodသွင်းလိုက်ပြီး..

"ဦးး..."

"ဟင် "

"ကျွန်တော့်ကိုတကယ်မချစ်ဘူးပေါ့ "

"အာ..."

ပါးစပ်ထဲက ထမင်းလုတ်ကိုအမြန်မြိုချလိုက်ရင်း ဖေးယွီးအားအကဲခတ်လိုက်တော့ ထိုကလေးမျက်လုံးများက စူးရဲနေကာ..

"ပြောလေ ဦးး
ကျွန်တော့်ကို နည်းနည်းလေးတောင်မချစ်ဘူးလား?"

"အင်း မချစ်ဘူး.."

ထင်ထားသလိုပင်၊ ဦးး မျက်လုံးတွေက တစ်ခြားနေရာကိုဦးတည်နေပြီး မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်နေတယ် ၊ ဒါကကျိန်းသေမူမမှန်ဘူး မဟုတ်လား!

"ကောင်းပြီ
ဒါဆို ကျွန်တော် ဦးးအပေါ်ထားတယ့်ခံစားချက်တွေကို ရုတ်သိမ်းလိုက်တော့မယ်"

ပြောရင်း ထိုင်နေရာမှဖြေညှင်းစွာထရပ်သည်။ လေသံကလဲအပိုအလိုမရှိပါပဲနှင့်..

"ဒါဆို ကျွန်တော်သွားနှင့်မယ် ဒီနေ့ကစပြီး ဦးးကိုမချစ်တော့ဘူး"

ထို့နောက် ဖြေညှင်းစွာစေ့ပိတ်သွားသောတံခါးချပ်နှင့်အတူ ပျောက်ကွယ်သွားသော ကိုယ်သင်းရနံ့လေး၊ မတ်တပ်သာရပ်နေခဲ့ရင် ဒီနေရာမှာပဲ ခွေခေါက်လဲသွားနိုင်သည်အထိ ယွင်ရှီး သွေးပျက်နေမိသည်။

ဒါက ကိုယ်ဖြစ်စေချင်ခဲ့တာမဟုတ်လား??
ဖေးယွီ ပါးစပ်ကခုလိုထုတ်ပြောလာတော့ ရင်ထဲမှာမီးလိုလောင်မြိုက်လာကာ ယောကျာ်းတန်မဲ့ မျက်ရည်ဝဲချင်လာသည်။

"Breeze"Where stories live. Discover now