Chapter (15)

596 92 12
                                    

{{{ UNICODE }}}
Breeze 🍃

"ချောလိုက်တာဟယ်"

"အနုပညာအလုပ်ကို ဇောက်ချလုပ်ကြည့်ပါလား? ထွန်းပေါက်မှာကျိန်းသေတယ်သိလား"

"ဒါတောင် မိတ်ကပ်ပါးပါးလေးပဲ လိမ်းရသေးတာ၊ နဂိုချောပြီးသားမို့လို့ထင်တယ် ကြည့်စမ်း နုဖတ်နေတာပဲ"

အင်း ဟုတ်နေတာပဲ၊ တစ်ယောက်တစ်ပေါက်ပြောပြီး ကိုယ့်ကိုရွှန်းရွှန်းစားစားကြည့်နေတာကြောင့် ဖေးယွီမှာကျောတောင်ချမ်းလာသည်။

Make-Up Artist ဆိုသည့်အတိုင်း သုံးယောက်စလုံးက Ladyboy များသာ၊

"ကျဲ တို့ ပြင်ဆင်တာပြီးပြီလားဟင်?"

သူ့စကားသံအဆုံးမှာ ထို Ladyboy သုံးဦးက လက်ခုပ်လက်ဝါးတီးကာ..

"အိုက်စ် ဒီကလေးကြည့်စမ်း မြင်တတ်လိုက်တာ"

"ဟုတ်ပ ဟုတ်ပ"

"အလားအလာရှိတယ့် ကောင်လေးပဲ"

ဖေးယွီ မှာတော့တဟီးဟီးသွားဖြီးပြရုံသာတတ်နိုင်ပြီး မျက်လုံးတွေကလဲ ဂနာမငြိမ်၊ ဘာရှာသလဲဆိုတော့ ထုံးစံအတိုင်း ဦးးကိုလိုက်ရှာနေခြင်း..၊

တကယ့်ဆိုရင် အဆင်​ပြေလား? တစ်ခုခုလိုအပ်မလားဆိုပြီး ခဏလေးဖြစ်ဖြစ်လာကြည့်သင့်သည်မဟုတ်လား? ခုတော့ ဦးးမပြောနဲ့၊ ဦးးရဲ့ Secretary ကိုတောင်မတွေ့ရဘူး၊ ခုတော့ Studioထဲမှာ သူတစ်ယောက်ထဲလေ၊ သနားစရာကောင်းလိုက်တယ့်ဘဝလေးပါလား ချန်ဖေးယွီရယ်၊

ခုလဲရိုက်မယ်တယ့် ၊ ပုကွကွနဲ့ Camera Man ကြီးကခေါ်နေပြီ၊ စိတ်ကတစ်ခြားရောက်နေတာမို့ ပုံကောင်းထွက်လာဖို့က လုံးဝမကျိန်းသေဘူး၊ ကြည့်နေ့ အဲ့မှာထွက်လာလိမ့်မယ် ပိုးတိုးလုံးကိုအဝတ်ပတ်ထားတယ့်ပုံရယ်၊ ကျောက်ဆစ်ရုပ်ကို အသက်သွင်းထားတယ့်ပုံရယ် သောက်ရမ်းကိုဂေါ်ဆန်နေမှာ..၊

"ဟေ့ ဒါတောင်မလုပ်တတ်ဘူးလားကွ! ညှို့မျက်လုံးလေကွာ Cameraကို ကြည့်ပြီးပြုံးလေ ဘယ်တွေလိုက်ကြည့်နေတာလဲ? "

"ဟုတ်.."

ပါးစပ်ကသာ ဟုတ်လိုက်ရသည်၊ Moodကလုံးဝမဝင်ဘူးရယ် Camera နောက်ကသူ့မျက်နှာကိုကြည့်ပြီး ကိုယ်ကညှို့မျက်လုံးလုပ်ရမယ်တယ့်၊ လောလီလိုက်တာဗျာ..၊

"Breeze"Where stories live. Discover now