Chapter (16)

1.1K 107 13
                                    

Unicode
Breeze 🍃

အိမ်အပြန်လမ်းက အရင်လိုRomance မဖြစ်ပါပဲ ဦးးနဲ့ဖေးယွီကြားမှာလူတစ်ယောက်ပါလာသည်၊ နောက်ပြီးပါးစပ်ကလဲအငြိမ်မနေဘူး စကားများတာအရမ်းပဲ၊ Switzerland မှာစကားများတာက အပျင်းပြေသေးတယ်၊ ခုတော့ China ရှုခင်းတွေကိုကြည့်ပြီး လမ်းလျှောက်တတ်ခါစ ကလေးတစ်ယောက်လို ခိုးခိုးခစ်ခစ်ရယ်နေသေးသည်။

ငါ့နှယ် စိတ်လေမိပါတယ်၊ ဦးးကိုအသာငဲ့ကြည့်မိတော့ မျက်လုံးများကိုတင်းတင်းစေ့ပိတ်ထားပြီး သူတို့နှစ်ယောက်ကိုဥပေက္ခာပြုထားသည်။

"Chen...ဟိုမှာကြည့်စမ်း ဖက်ထုပ်တယ့်၊ ငါစားချင်လိုက်တာ၊ ဟာ..ဟာ..ဟိုမှာ မန်ထိုပေါက်စီတယ့် ဟီးးတော်တော်အရသာရှိမှာပဲကွာ..ရှလွတ်"

အင်း စကားမပီဘူး၊ သူများတွေစကားမပီတာက ချစ်ဖို့ကောင်းတယ်၊ ဒီကောင်စကားမပီတာကိုတော့ သောက်မြင်ကပ်လာတယ် ဟွန်း..။

လျှာလေးကိုသတ်ပြီး ပတွတ်ပတွတ်ပြောနေတာကြောင့် ဖေးယွီသိပ်အမြင်မကြည့်တော့၊ ရွှမ်းရွှမ်း Hotel မှာမတည်းပဲ အိမ်ကိုလိုက်မယ်ဆိုကတည်းက မှားနေခဲ့တာ..၊

ဘာလို့ Hotelမှာ မတည်းလဲမေးတော့..ငါက မင်းနဲ့Uncleလော်ရဲ့ အခြေအနေကိုလာကြည့်တာတယ့်၊ နောက်ပြီး ပိုင်ရွှမ်းရွှမ်းဆိုတယ့် မိန်းမရဲ့မျက်လုံးတွေက သူ့ကိုကြည့်နေတာတစ်မျိုးကြီးဆိုပဲ..၊

အဲ့လိုအကြောင်းပြချက် ခိုင်လုံစွာနှင့် အိမ်ကိုလိုက်လာခဲ့ခြင်း..။

"Graceရာ နားညည်းလိုက်တာကွာ၊ မြင်မြင်သမျှကိုလက်ညှိုးထိုးပြီး ပူဆာနေရအောင် မင်းကကလေးလား? ငါစိတ်တိုလာပြီနော်.."

"Chen ကလဲကွာ.."

ပြီတီတီအသံလေးကြောင့် ယွင်ရှီးမျက်လုံးများက ဆတ်ခနဲကျုံ့သွားကာ ဘေးကကောင်လေးနှစ်ယောက်အား ဇာတ်ကြောချိုးသလိုနှင့်မသိမသာ စောင်းကြည့်လိုက်သည်။

Grace ဆိုသော နာမည်ကို Switzerlandမှာ ဖေးယွီနေတုန်းက အက်ကြောင်းထပ်အောင်ကြားခဲ့ဖူးသည်။ ခုတွေ့လိုက်ရတော့ သေးသေးကွေးကွေး ဘိုကောင်လေးဟာ ကြည့်လို့တော့ကောင်းပါတယ်၊ ဒါပေမယ့် ဘာလို့များ China ကိုလာပြီး ချစ်သူဆီမှာသွားမနေပဲ သူငယ်ချင်းအိမ်ကိုလိုက်လာခဲ့ရတာလဲ??

You've reached the end of published parts.

⏰ Last updated: Jun 16, 2020 ⏰

Add this story to your Library to get notified about new parts!

"Breeze"Where stories live. Discover now