Chapter(2)

993 154 4
                                    


{{{{{UNICODE}}}}}🍃🍃

အခန်းရှေ့မှာအတော်ကြာရပ်နေပြီး တံခါးခေါက်ဖို့လက်ရွယ်လိုက်၊ ခေါင်းခါလိုက်လုပ်နေတာအတော်ကြာသည်။ နောက်ဆုံးတော့

Knock Knock!!!(တံခါးခေါက်သံ)

"ယွီအာ ထမင်းစားမယ်လေ ပြန်ရောက်ကတည်းက ဘာ့မှမစားရသေးဘူးဆို"

တုံ့ပြန်သံမကြားရတာမို့ တံခါးကိုအသာဟရင်း အခန်းထဲခေါင်းတစ်လုံးဝင်ကာ...

"ယွီအာ...ဟင် "

တစ်ခန်းလုံးမှောင်မဲနေတာကြောင့် ယွင်ရှီးထိပ်ထိပ်ပြာဖြစ်သွားကာ မီးခလုတ်ကိုဖွင့်လိုက်သော်လည်း လက်တစ်ဖက်ကဆောင့်ဆွဲခံလိုက်ရပြီး လူကနောက်ပြန်လန်ကျလုနီးနီး..။

"အင့် "

"ဦးး ခဏလောက်ပဲ ခဏလောက်ပဲဒီအတိုင်းနေရအောင် ကျွန်တော်တောင်းဆိုနေတာပါ Please "

ခါးတစ်ခွင်ရစ်သိုင်းလာတယ့် လက်နှစ်ဖက်နှင့်အတူ ပုခုံးစွန်းမှာဖေးတင်းထားတယ့်မျက်နှာနုနုကြောင့် ရင်ဘတ်ထဲကတုန်ကယင်ဖြစ်လာကာ ခြေထောက်တွေက ကယိမ်းကယိုင်။ ဝင်သက်ထွက်သက်တို့က ပါးပြင်ကိုရှပ်ပြေးနေသောအခါ အသံတွေပါတုန်လာသည်။

"ယွီ~~အာ ဘာဖြစ်နေတာလဲ?"

"ကျွန်တော် ဘာဖြစ်နေလဲ ဦးးမသိဘူးလား၊ ၅ နှစ်တောင်ဝေးနေတာလေ ကျွန်တော့်ကိုနည်းနည်းလေးတောင် မလွမ်းဘူးလား?"

စကားအဆုံးမှာ မရောင့်ရဲနိုင်တယ့်ဆန္ဒတို့က နီရဲရဲနားဖျားလေးကိုခပ်ဖွဖွနမ်းရှိုက်မိတော့ ဇတ်ကလေးပုကာ ရုန်းဖယ်နေပြီး ခပ်ဆတ်ဆတ်အမိန့်သံလေးက လူကောင်နဲ့မလိုက်ဖက်စွာပင်...။

"ယွီအာ ငါကမင်းအဖေဆိုတာကိုသတိရဦး၊မင်း လုပ်နေတာတွေမရှက်ဘူးလား? Switzerland သွားပြီးပညာမသင်ပဲ ဘာတွေသင်လာတာလဲ ဟမ်!!!"

ထိုအခါမှ အခြေအနေကပိုဆိုးကုန်ကာ လူကနံရံမှာဆွဲကပ်ခံလိုက်ရသည်မို့ ကျောပြင်မှာအောင့်ခနဲ...

"အ ယွီအာ ဘာဖြစ်နေလဲ? ကျွတ်"

"အဖေ ဟုတ်လား? ဘယ်ကအဖေလဲ? ဦးနဲ့ကျွန်တော်က ဘာသွေးသားမှမတော်စပ်ဘူးလေ၊ ဘာကြောင့်အဲ့ဒီစကားကိုပဲ ထပ်ခါတလဲလဲပြောနေရတာလဲ??"

"Breeze"Where stories live. Discover now