Chapter(9)

568 99 11
                                    

[[ UNICODE ]]

"ဒါက ဦးးအတွက် ၊ ကျွန်တော်ကိုယ်တိုင်လုပ်ထားတာနော် စားကြည့်ကြည့်"

ပေါင်မုန့်ထောပတ်သုတ်ပန်းကန်နှင့် အငွေ့တစ်ထောင်းထောင်းထနေသော နွားနို့ခွက်ကိုကြည့်ပြီး ယွင်ရှီးမှာစူးစမ်းသလိုနှင့် ဖေးယွီကိုကြည့်လိုက်သည်။ ထိုကလေးကတော့ ဘာ့မှထူးခြားမနေပဲ သူ့မနက်စာကိုသာဆက်စားနေသည်။

နောက်ပြီး Phone ကိုတစ်ထောက်ထောက်နှိပ်နေကာ နှုတ်ခမ်းပါးတို့ကလဲတစ်ချက် တစ်ချက်တွန့်ကွေးသွားရင်း..

"ရွှမ်းရွှမ်း ကတော့လေ စောစောစီးစီးငါ့ကိုအူတတ်အောင်လုပ်နေတာပဲ ခွီးး"

ထိုသို့ အူမြူးနေတော့ ယွင်ရှီး တစ်ကိုယ်လုံးလောင်မြိုက်လာကာ နွားနို့ခွက်ကိုအသံမြည်အောင် ဆောင့်ချလိုက်ပြီး..

"အစာစားနေတုန်း Phone မကြည့်နဲ့၊နောက်ပြီး သူငယ်ချင်းရဲ့ချစ်သူနဲ့ခုလို တရင်းတနှီးမနေသင့်ဘူး.."

"အမ် ဟုတ် "

ဖေးယွီ က တုံ့နိဘာဝေးနဲ့ phone ကိုပိတ်ပြီးအစားကိုသာ ပုံမှန်အတိုင်းဆက်စားနေသည်။ ရှေ့က ဦးပိစိလေးကိုလဲ အကဲခတ်ရင်းပေါ့၊ အင်း မျက်ခုံးတွေတွန့်ကြုတ်နေတယ်၊ ခုနကစကားတွေကိုပြန်တွေးကြည့်မယ်ဆိုရင် သဝန်တိုနေတယ်ဆိုတယ့်သဘောပဲ ၊ အဟဲ မဆိုးဘူး!ထိရောက်မှုရှိတယ်..။

*******

ကားပေါ်မှာလဲ ဖေးယွီကတော့ ဦးးနဲ့ခပ်ခွာခွာထိုင်ကာ နားကြပ်ကိုတပ်ပြီးမျက်လုံးကိုစုံမှိတ်ထားလိုက်တယ်၊ နှာခေါင်းတွေကတော့ ရင်နှီးနေတယ့်အနံ့ကိုအလွတ်မပေးဘူး ၊ တစ်ရှူးရှူးနဲ့ခပ်ပြင်းပြင်းကို ရှူရှိုက်နေမိတာ၊အနံ့တော့ ရှူလို့ရတယ်မလား ပိုင်ရွှမ်းရွှမ်းရယ်။

Company ရောက်တော့လဲ ချန်ဖေးယွီတို့ကတော့ ခပ်တည်တည်ပဲ၊ စကားကိုအပိုအလိုမပြောဘူး။ အရင်ကလို Coffee ဖျော်ပေးလိုက်၊ ပြုံးစိစိနဲ့ကြည့်နေလိုက်နဲ့ မလုပ်တော့ဘူး လုံးဝကိုတစ်ခြားလူတစ်ယောက်လိုပြောင်းလဲပစ်လိုက်တာ ။

ဦးးကိုဥပေက္ခာပြုထားရတာ အရမ်းအရမ်းကိုပင်ပန်းတယ်၊ ဒါပေမယ့် ဦးးအချစ်တွေပွင့်ထွက်လာအောင် ရွှမ်းရွှမ်းပြောတယ့်အတိုင်း လိုက်လုပ်မှရတော့မှာ..။

"Breeze"Where stories live. Discover now