[[ UNICODE ]]
Breeze 🍃"[ငါအိပ်တော့မှာကွ၊ ပြောစရာရှိတာအမြန်ပြော Chen ရာ]"
Screenပေါ်မှာမြင်နေရတယ့် Grace ပုံစံကြောင့် ဖေးယွီမှာ နှာခေါင်းရှုံ့လိုက်ပြီး..
"ဘယ်အချိန်ရှိလို့ အိပ်မှာလဲ?"
"[Har..မင်းရောက်နေတာ China နော်၊ ငါရှိနေတယ့်အရပ်က Switzerlandလေ၊အချိန်ကွာဟမှုကိုလဲ တွက်ကြည့်ပါဦးဟ]"
"အေး..ဟုတ်သားပဲ ဟီးး Sorry "
"[ရုပ်ကိုကစပ်ဖြီးဖြီးနဲ့၊ ဧကန္တ Uncle လော်နဲ့အဆင်ပြေနေပြီလား?]"
"ဟာ..ဟေ့ကောင် ငါ့ ဦးးက အဲ့လောက်အသက်ကြီးတာမဟုတ်သေးဘူးနော်၊ ဘော မို့လို့ Uncleလော် လို့ခေါ်နေတာလား?"
Grace ရဲ့ တစ်အုန်းအုန်းအော်ရယ်သံကြီးက ကြောက်ခမန်းလိလိထွက်ပေါ်လာပြီးနောက် ရယ်ချင်ပက်ကျိမျက်နှာကြီးနှင့်..
"[Uncleလော်လို့မဟုတ်တော့ ကိုကိုလို့ခေါ်ရမှာလား ပြော?]"
"Grace မင်းပြောလေဆိုးလေပါလား..? A ငါပြန်လာမှတွေ့တယ်"
"[အမ်..မင်းပြောတော့မလာတော့ဘူးဆို၊ Chinaမှာပဲကျောင်းဆက်တတ်တော့မယ်လို့ ဟိုတလောက ငါ့ကိုပြောသေးတယ်မဟုတ်လား??]"
အမှန်လဲ မိမိဆုံးဖြတ်ချက်ကထိုသို့ပင်၊ ခုတော့ ရွှမ်းရွှမ်းကြောင့် အရာအားလုံးပြောင်းလဲကုန်ပြီလေ၊ Grace ကိုတော့နောက်မှပဲအေးဆေးဆေးဆေး ရှင်းပြတော့မယ်။
"ငါပြန်လာမှာ ခုအစီအစဥ်အတိုင်းဆိုရင် ကျောင်းလဲပြီး ဦးးနဲ့ငါနဲ့လဲလက်ထပ် ဟီးးဟီးး"
Chen ပုံစံကမူမမှန်တာတော့ Grace သတိပြုမိနေသည်။ သူ့ကိုဘယ်သူက မြှောက်ပေးလိုက်လို့ ခုလောက်ထိထကြွနေတာလဲဆိုတာ စဥ်းစားလေ ခေါင်းရှုပ်လေပဲ၊အင်း တစ်ခုခုတော့ တစ်ခုခုပဲ..။
"[ဘာတွေကြံစည်နေတာလဲ? ငါ့ကိုရောမပြောပြချင်ဘူးလား Chen] "
ဖေးယွီ က လျှာတစ်လစ်ထုတ်ပြပြီး ဘလာ ဘလာ ဟုမျက်ခွက်ပြောင်နေကာ..
"ပြောပြစရာလား?
သိချင်ရင် China လာခဲ့လေ"Grace မျက်နှာကတွန့်လိမ်ကွေ့ကောက်သွားတာ မုန့်ကြိုးလိမ်ကြီးလိုပဲ..ခွီး ။
YOU ARE READING
"Breeze"
Fanfiction{ UNICODE + ZAWGYI} ဦးးကိုကျွန်တော်ချစ်တယ် [ချန်ဖေးယွီ] တိတ်စမ်း!!! ပေါက်ကရတွေ [လော်ယွင်ရှီး] Ownstory Sanay Moe Swe ဦးးကိုကျွန်တော်ချစ်တယ် [ချန်ဖေးယွီ] တိတ်စမ်း!!! ပေါက်ကရတွေ [လော်ယွင်ရှီး] Ownstory Sanay Moe Swe