Chapter(11)

580 87 11
                                    

[[ UNICODE ]]

Breeze 🍃

"အိုက်ရိုး ဒီအိတ်လေးကိုငါအရမ်းကြိုက်နေတာ၊ Chenလေးကအမျှော်အမြင်ရှိသားပဲ ကျေးဇူးရှင်ကိုမမေ့တတ်ဘူးရော် ခိခိ..."

ပါးစပ်စေ့မရလောက်အောင် အူမြူးနေတယ့် ပိုင်ရွှမ်းရွှမ်း ၊ သူ့လက်ထဲမှာတော့ Limited Brands ပိုက်ဆံအိတ်လေးက စိန်ပွင့်များနဲ့ တလက်လက်..။

ဖေးယွီ ကလဲ နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်ပြီး မျက်နှာချိုသွေးသည်။ ကိုယ်ကဘယ်လောက်တော်တော် ကိုယ့်ရဲ့အားနည်းချက်က ရွှမ်းရွှမ်းကလွဲပြီးဘယ်သူမှပိုမသိနိုင်..။

"နင်ကြိုက်မယ်လို့ ငါထင်သားပဲ"

"ဒါပေါ့ Brands ပစ္စည်းမကြိုက်တယ့် မိန်းကလေးဆိုတာရှိလို့လား၊ ဒါနဲ့ဆိုင်ကိုရောက်မှတော့ တစ်ခုခုစားလေ"

ရွှမ်းရွှမ်း ပိုင်တယ့် One stop Mark မှာမို့ သူတို့နှစ်ယောက်ပုံစံက လွတ်လွတ်လပ်လပ်ရှိလှသည်။ သို့သော် ဖေးယွီ ဘာ့မှမစားချင် သူစားချင်သည်က ဦးးကိုသာ၊ ထို့ကြောင့်..

"ဘာ့မှမစားချင်ဘူး၊ နင့်ဆိုင်က Mochi နည်းနည်းလောက်လိုချင်တယ်၊ နောက်ပြီး သကြားလုံး လှလှလေးတွေရောပဲ ရှိတယ်မလား?"

"ရှိတာပေါ့ ဘယ်နိုင်ငံကထုတ်တယ့်ဟာကိုလိုချင်တာလဲ? "

"အကောင်းဆုံးဖြစ်တယ့်ဟာကို လိုချင်တာ အာ..မေ့တော့မလို Lolipopလဲလည်းပါပါစေ"

ရွှမ်းရွှမ်းမျက်နှာက အဖြေရှာမရပုံနှင့် ရှုံ့တွသွားတာ သိသိသာသာ၊ ပြီးမှ..

" အဲ့ဒီသကြားလုံးတွေကို နင်စားမလို့လား?ဒါမှမဟုတ် ယတြာချေတယ့်အနေနဲ့ ကလေးတွေကို ဝေပေးမလို့လား?"

ထိုအခါမှ ဖေးယွီမျက်နှာကစပ်ဖြီးဖြီးဖြစ်ကာ တစ်ဝါးဝါးအော်ရယ်တော့သည်။ Fujoshi မရဲ့ခန့်မှန်းချက်က လွဲချော်သွားခဲ့သည်ကို..။

"ဟ..ဟား ဘယ်ကလေးမှမဟုတ်ဘူး၊ ငါ့ရဲ့ ဦးးအတွက်၊ သူကအချိုသိပ်ကြိုက်တာ"

"ဟယ်..တကယ်ကြီး"

"အင်း ငါငယ်ငယ်က တွေ့ဖူးတယ်၊ ဦးးအလုပ်လုပ်နေရင်း Lollipop စုတ်နေတာကိုလေ..ဟီးးအသေချစ်ဖို့ကောင်းတာ"

"Breeze"Donde viven las historias. Descúbrelo ahora