Chapter(4)

798 120 4
                                    

[[[ Unicode ]]]

"ကျွတ်..ဘယ်သွားရမလဲမသိဘူးကွာ"

Bus-Stop မှာထိုင်နေတာခုဆို 10မိနစ်ခန့်တောင်ရှိနေပြီ၊ China ကိုပြန်ရောက်တာ တစ်ပတ်လောက်ပဲရှိသေးတာမို့ ဖေးယွီမှာ အိမ်ပေါ်ကဆင်းလာခြင်းကို နောင်တရချင်သလိုဖြစ်လာတာအမှန်။

ဖြတ်သွားဖြတ်လာကားများကို လိုက်ကြည့်ရင်း ကိုယ့်အဖြစ်ကတစ်ကယ့်ကို ကလေးသာသာမှန်းသိလိုက်ရသည်။ အဲ့ဒါကြောင့် ဦးးကကျွန်တော့်ကို အထင်မကြီးတာနေမှာ။

Switzerland ကိုပညာသင်သွားတုန်းကလဲ ရေကန်အသင့်ကြာအသင့်နှင့် Cardထဲပိုက်ဆံကလဲအပြည့်လေ၊ ကျွန်တော်က ဦးးအရိပ်အောက်မှာ အပူအပင်မရှိကြီးပြင်လာခဲ့တာ..။

Phone Cover ထဲထည့်ထားတယ့် Black Cardကိုထုတ်ရင်း သုံးသင့်၊မသုံးသင့်စဥ်းစားနေကာ နောက်ဆုံးတော့သုံးရန်ဆုံးဖြတ်လိုက်သည်။

အိမ်ပေါ်ကဆင်းမယ်လို့ပြောတာလေ၊ ဦးးပိုက်ဆံကိုမသုံးဘူးလို့ ပြောတာမှမဟုတ်တာ၊ ဒါကြောင့်ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်။ / LOL (O_o) /

::::::::::::::::::::::::::::::

မိုးစင်စင်လင်းချိန်မှာ ယွင်ရှီးမျက်လုံးအစုံက ပန်ဒါလိုအကွင်းလိုက်ညိုနေပြီး မျက်ခမ်းစပ်တွေကလဲ ရဲရဲနီနေတာသိသိသာသာပင်၊ ရေမိုးချိုးအဝတ်အစားလဲကာ Company ကိုထွက်လာခဲ့လိုက်သည်။

အချစ်အတွက်အသဲကွဲနေရအောင် မိမိသည်ဆယ်ကျော်သက်လေးလဲမဟုတ်။ Group တစ်ခုလုံးကို ဦးစီးနေရသောCEO တစ်ယောက်၊ နောက်ပြီး ယွီအာ က ကိုယ့်ဘာသာထိန်းကျောင်းနိုင်မယ်လို့ ယုံကြည်နေမိသည်။ အမြဲတမ်းလှောင်အိမ်ထဲပိတ်ထားရအောင် ငှက်ကလေးမှမဟုတ်တာ ။

Phone ထဲမြည်သံပေးကာဝင်လာတယ့် Message များ​ကြောင့် ယွင်ရှီးမျက်ခုံးအစုံက တွန့်ကြုတ်ကုန်ကာ နှုတ်ခမ်းပါးတို့ကအံ့သြမှုကြောင့်ခပ်ဟဟ..။

Black Card ထဲမှငွေများသည်လှစ်ခနဲ လှစ်ခနဲထွက်ပြေးကုန်ကာ Message တွေက ဇယ်ဆက်သလိုတစ်တောင်တောင်။

"အဲ့လောက်ပိုက်ဆံတွေကို ယွီအာဘာလုပ်ပစ်တာလဲ???"

အပြစ်တင်ခြင်းမဟုတ်ပဲ တစ်ယောက်တည်းဇဝေါဇဝါရေရွတ်မိခြင်းပင်၊ Switzerland မှာနေတုန်းကတောင် ယွီအာက ငွေကိုရေလိုမသုံးပေ။ ခုတော့..ဘာအကြောင်းနဲ့များ။

"Breeze"Tahanan ng mga kuwento. Tumuklas ngayon