Chapter (6)

686 105 4
                                    


{{{ UNICODE }}}

"ဒါက ဘာတွေလဲ?"

ဂွမ်းစောင်ကြီးအောက်က တစ်စွန်းတစ်စထွက်နေတယ့် ရေနွေးအိတ်ကို ဦးးကဆွဲထုတ်ရန်ပြင်နေသည်မို့..ဖေးယွီမှာပြာပြာသလဲနှင့်..။

"ဦးး လျှောက်မကိုင်နဲ့လေ"

"အမ်..."

ဆုပ်ကိုင်ခံလိုက်ရတယ့် ယွင်ရှီးလက်တစ်ဖက်က ခပ်နွေးနွေးလက်ဝါးပြင်ကြီးကြောင့် စိုးရိမ်မှုတွေကရိပ်ခနဲ..

"ဖေးယွီ မင်းလက်တွေကပူကျစ်နေတာပဲ"

"အွင်း ခဏနေရင်ကောင်းသွားမှာ၊ ဆရာဝန်တော့မခေါ်ပါနဲ့၊ Switzerland မှာလဲ ခဏခဏဖြစ်နေကျ "

အကြောင်းပြချက်က ကျိုးကြောင်းဆီလျော်နေတာမို့ ဦးးကယုံသွားပုံပင်။ ဖေးယွီမှာ စောင်အောက်ထဲမှာ ရေနွေးအိတ်များနှင့် နပန်းသတ်လျက်ရှိသည်။ ဟူး ပူလိုက်တာကွာ...။

ယွင်ရှီး မှာ နဖူးမှာချွေးစို့နေတယ့် ဖေးယွီကြောင့်..

"ပူရင် စောင်ကိုဖယ်လိုက်ပါလား၊
ဘာလို့ခြုံထားသေးလဲ?"

"ဟင့်အင်း ကျွန်တော်ကချမ်းနေတာ ဦးးရဲ့၊
ခန္ဓာကိုယ်က ပူနေပေမယ့် ရင်ထဲအသဲထဲက တစ်ဆတ်ဆတ်တုန်ပြီးတော့ကို ချမ်းနေတာ အီးဟီး စကားတောင် ဆက်မပြောနိုင်တော့ဘူး အာရိုး ချမ်းတယ် မတရားချမ်းတယ်"

မြင်းဟီးသလိုတဟီးဟီးဖြစ်နေကာ ခန္ဓာကိုယ်ကလဲ အကြောဆွဲသလို တဆတ်ဆတ်တုန်နေသော ဖေးယွီကြောင့် ယွင်ရှီးတစ်ယောက် ဘာဆတ်လုပ်ရမလဲမသိတော့..။

"ငါ ဘာလုပ်ပေးရမလဲ?
ဒုက္ခပါပဲ ကျွတ်...ဒီကလေးကတော့ ထူးထူးဆန်းဆန်းကိုဖြစ်တတ်တယ် "

"ဦးး ကျွန်တော့်ကိုမကူညီချင်ဘူးလားဟင်"

"ပြော ဘာလုပ်ပေးရမလဲ?"

ဖေးယွီက ပြောရခက်နေပုံနှင့်ခေါင်းခါပြသည်။ ပြီးမှ..

"ထားလိုက်ပါတော့၊
ဦးးစိတ်ထဲတစ်မျိုးထင်သွားမှာ ကျွန်တော်ကြောက်တယ် အား ချမ်းလိုက်တာ "

အမူပိုလွန်းသော ကလေးဆိုးလေးကြောင့် ဦးးမှာနှလုံးရောဂါဖြစ်တော့မည့်အလားအလာပင် ။

"Breeze"Where stories live. Discover now