Chapter (13)

589 100 17
                                    

{{ UNICODE }}🍃

နားတွေသာမက ပါးစပ်ပါဟကုန်ကာ နှာခေါင်းသွေးလျှံတော့မလို အမူအယာဖြစ်နေတယ့် ပိုင်ရွှမ်းရွှမ်း ၊ ထို့နောက်အားမနာ လျှာမကျိုးမေးလိုက်တာက..

"Chen ဘယ်လိုနေလဲဟင်?"

"ဘာ..."

လေထိုးထားတယ့် ပူစီဖောင်းလိုတင်းနေပါတယ်ဆိုမှ ခုလိုအပ်နဲ့သွားထိုးမှတော့ ဖောင်းခနဲမြည်အောင်ပေါက်သွားပြီလေ။ Fujoshi မတို့ပြေးပေါက်မမှားအောင် မျက်နှာချိုသွေးလိုက်ရင်း သိချင်စိတ်ကိုသိက္ခာနှင့်ချုပ်ထိန်းလိုက်သည်။ ပြီးမှ..

"နင် အဲ့လောက်ထိဒေါသထွက်စရာမလိုပါဘူး Chen ရာ"

"ထွက်တော့ဘာဖြစ်လဲ? အိပ်ယာထဲကကိစ္စတွေကိုနင့်ကို ပြောပြစရာလား? ဟွန်း.."

"ဟုတ်ပါပြီ ဟုတ်ပါပြီ ဒါပေမယ့်နင် အခုနောင်တရနေပြီမလား?"

ဒီမေးခွန်းကနည်းနည်းတော့ခက်သည်။ ဦးးကိုရည်ရွယ်ချက်ရှိရှိ သိမ်းပိုက်ခဲ့တာမို့သူ့မှာနောင်တတို့ရှိမနေခဲ့။ ဒါပေမယ့် ဒီအခြေအနေကြောင့်သာ ဦးးနဲ့ဝေးကွာသွားခဲ့ရင် သူနောင်တရမှာသေချာသည်။

"ငါ ငါလေ ဘယ်လိုပြောရမလဲမသိဘူးဟာ၊ ဦးးက ငါ့ကိုချစ်ပေမယ့် ဘာလို့ဝန်မခံတာလဲမသိဘူး တကယ်ပဲ ရူးတော့မယ်"

ဆီမလိမ်းလာတယ့်ခေါင်းကို ဆွဲဖွလိုက်တော့ Chen ဆံပင်K က စိတ်ပျက်ဖွယ်ကောင်းပေမယ့် သူကချောနေတုန်းပဲ၊ ဒီလူသားကို CEO ချစ်မှာကျိန်းသေတာပေါ့၊ ဘာလို့ဝန်မခံတာလဲဆိုတော့ တစ်ခုပဲရှိတယ် သိက္ခာတရားကြောင့်..

"Chen ငါ့အတွေ့အကြုံအရဆို CEO က နင့်ကိုချစ်ပေမယ့် မွေးစားသားဆိုတယ့်တံတိုင်းကြီးက ခံနေတယ်လေ"

"အင်း.."

"နောက်ပြီး ငါနဲ့တောင် Blind Dateတွေ့ခိုင်းတယ်ဆိုတော့ နင့်ကိုမိန်းကလေးတစ်ယောက်နဲ့လက်ထပ်ပြီး ပျော်ပျော်ရွှင်ရွှင်နေစေချင်ပုံပဲ"

ဒါလဲ ဖြစ်နိုင်တာပဲ၊ ဒါပေမယ့် ကိုယ်ကဦးးနဲ့ပဲနေချင်နေတာကို ၊ သူ့အတွေးတောင်မဆုံးသေး ခန့်မှန်းချက်တွေက ဆက်တိုက်ဆိုသလို အမျိုးမျိုး အဖုံဖုံနှင့်..။

"Breeze"Where stories live. Discover now