Chapter(3)

790 128 3
                                    


[[ UNICODE ]]

"ဖေးယွီ မင်းဘာတွေလုပ်နေတာလဲ?"

အော်ဟစ်သောင်းကျန်းရင်း အိမ်ကြီးထဲဝင်လာသော်လည်း ဖေးယွီ ရဲ့အရိပ်အယောင်တောင်မတွေ့ရ။ Blind Date သွားခိုင်းမိပါတယ် တစ်ဖက်မိန်းကလေးကိုပြောလိုက်တယ့်စကားတွေက စည်းမဲ့ကမ်းမဲ့ပရမ်းပတာ..။

ဧည့်ခန်းထဲမှာ ခြေပစ်လက်ပစ်ထိုင်ချရင်း အတွေးတွေက မျောချင်တိုင်းမျောကာ လူကလဲအတိတ်တွေထဲ တဝဲလည်လည်နှင့်။

ဒီကလေးကိုမိမိမည်သို့ထိန်းကျောင်းရမလဲ မတွေးတတ်တော့၊ အခုလဲ လုပ်ချင်တာလုပ်ပြီးဘယ်ကိုထွက်သွားပြန်ပြီလဲမသိ။

မိဘတွေမရှိသော ဘဝမှာထိုကလေးအား သံယောဇဥ်ကြီးကာ အချစ်ပိုခဲ့မိသည်က ကြီးမားသောဆိုးကျိုးပင်။

ကိုယ်မွေးစားထားတယ့် ကလေးအပေါ်စိတ်ဖောက်ပြန်နေတယ့် ကိုယ့်ဘာသာရွံမုန်းမိတာအမှန်။ ဘာလို့ ကျွန်တော်ကခုလိုခံစားချက်မျိုး ယွီအာအပေါ်မှာရှိနေရတာလဲ??

အနေနီးလို့သံယောဇဥ်ဖြစ်လာပဲလား??ဖောက်ပြန်နေသော မိမိစိတ်ကိုချုပ်ထိန်းရန် ယွီအာ အား Switzerlandကိုပညာသင်ရန်စေလွှတ်လိုက်မှ ပိုဆိုးကုန်သည်။ ယွီအာ ကလဲ မိမိကိုချစ်နေသည်တယ့်...!!!

ထိုသို့အဖြစ်မခံနိုင်ပေ ၊ ယွီအာ က တစ်နေ့မှာထက်မြတ်သော အမျိုးသမီးတစ်ယောက်နှင့်လက်ထပ်ကာ ဘဝကိုပျော်ရွှင်စွာနေထိုင်သွားရမည်။

ဒါဟာ ကျွန်တော်သူ့အပေါ်မှာထားတယ့် ဖြူစင်တယ့်အချစ်နဲ့အတ္တပဲ၊ ဘာလို့များ နားမလည်ရတာလဲ???

"ဒုန်း ခွမ်း ဂွမ်း... "

ခြံထဲကထွက်လာတယ့် မြည်သံပေါင်းစုံကြောင့် ယွင်ရှီး မျက်နှာကကွက်ခနဲ၊ စိတ်ရဲ့အလိုအတိုင်း ခြေထောက်တွေက ခြံထဲကိုဦးတည်စဥ်...

"ဦးး အေ့..ဦးးးရေ.."

အားလေးလျှာလေးအသံများနှင့် ခြံစောင့်ကြီးလက်ထဲမှာ ပျော့ခွေနေသော ဖေးယွီကိုတွေ့ရသည်။ ပါးတွေနားတွေရဲနေသော ထိုအမူးသမားကို လက်လွှဲယူလိုက်ရင်း..

"ယွီအာ..
ယွီအာ..သတိထားစမ်း"

ကလန့်ကလားအရပ်ကြီးကို တွဲကူနေရသည်က နည်းနည်းတော့မသက်သာလှ။ ရင်ခွင်ထဲ ခေါင်းတိုးဝင်ရင်း ခါးကိုတင်းတင်းဖက်လာတယ့် ယွီအာလက်တွေကသန်မာလှသည်။

"Breeze"Tahanan ng mga kuwento. Tumuklas ngayon