[[[ UNICODE ]]]
"CEO ရုံးဆင်းချိန်ရောက်ပါပြီ"
"အာ "
အနားကပ်ပြောလာတယ့် ဖေးယွီအသံကြောင့် ယွင်ရှီးမှာထိတ်ထိတ်ပြာပြာနှင့်...
"ရုံးဆင်းချိန်ရောက်သွားပြီလား?"
"ဟုတ်ပါတယ်ခင်ဗျာ.."
ခုမှထိုင်ရာမှထကာ Computerကိုပိတ်လိုပိတ်၊ ချွတ်ထားတယ့်အပေါ် Coatကိုဝတ်လိုဝတ်နှင့် အာရုံများနေကာ လူကတောင်စဥ်ရေမရနဲ့ အခန်းထဲမှာပတ်ပြေးနေသလို..။
ဖေးယွီ မှာ ကမောက်ကမဖြစ်နေတယ့် ဦးးပုံစံကိုကြည့်ပြီး မျက်နှာကပြုံးစိစိပင်ဖြစ်လာသည်။ နောက်ဆုံးတော့အခြေအနေတည်ငြိမ် သွားပုံနှင့်...
"မင်းရော အဆင်ပြေရဲ့လား?"
ဖေးယွီ က စိတ်ရှုပ်နေပုံနှင့်ခေါင်းညိမ့်ပြကာ..
"အွန်း အဆင်ပြေပါတယ်၊ သင်ကြည့်မှပဲသိတော့တယ်၊ CEO လက်ထောက်လုပ်ရတာမလွယ်ကူမှန်း.."
"အင်း အဲ့ဒါကြောင့် နောက်နေ့ Company ကိုမလာနဲ့တော့..."
ဟုတ်တယ်လေ Company မှာ ဖေးယွီမရှိတာအကောင်းဆုံးပဲ၊ ဒီနေ့တစ်နေ့လုံးစိတ်ညစ်လို့သေတော့မယ် ၊ Secretary လက်ထောက်လုပ်ဖို့ ပညာသင်နေသလား?
မိမိကိုအနီးကပ် လာရောက်ပိုးပန်းနေသလားတောင်မသိတော့။ တော်ကြာနေ Coffee ဖျော်ပေးလိုက် ၊ တော်ကြာနေ စပ်ဖြီးဖြီးနှင့်စကားလာပြောလိုက်နှင့် ၊ မနေ့က သူနဲ့ကိုယ်နဲ့ပြသာနာတတ်ထားတာကို မေ့နေပုံရသည်။
"ဦးး"
"ဦးး"
"ဟမ်..ဘာ ဘာပြောလိုက်တာလဲ?"
"မနက်ဖြန်လဲ Company ကိုလာမှာလို့ပြောနေတာလေ "
ယွင်ရှီး မျက်နှာကထိန်းမနိုင်သိမ်းမရ ပျက်ယွင်းသွားသော်လည်း ဖေးယွီ ကတော့မသိကျိုးကျွံပြုလိုက်ရင်း အကြံဆိုးကြီးနှင့်ခပ်ညစ်ညစ်ပြုံးကာ...
"ဒါဆိုရင် ကျွန်တော်ပြန်တော့မယ်နော် "
"ဟမ်..ဘယ်ကိုပြန်မှာလဲ?"
"ဘယ်ကိုပြန်ရမှာလဲ?
Hotel ကိုပေါ့ "ယွင်ရှီး ဘာဆတ်ပြောရမလဲမသိတော့၊ ယွီအာက အိမ်ကိုပြန်မလာပဲ Hotel မှာပဲနေချင်တာပေါ့လေ။ ကိုယ်ကအတွေးထဲလွင့်မျောနေသလောက် ထိုကလေးကတော့ ခပ်ဖွဖွပြုံးပြလာပြီး...
YOU ARE READING
"Breeze"
Fanfiction{ UNICODE + ZAWGYI} ဦးးကိုကျွန်တော်ချစ်တယ် [ချန်ဖေးယွီ] တိတ်စမ်း!!! ပေါက်ကရတွေ [လော်ယွင်ရှီး] Ownstory Sanay Moe Swe ဦးးကိုကျွန်တော်ချစ်တယ် [ချန်ဖေးယွီ] တိတ်စမ်း!!! ပေါက်ကရတွေ [လော်ယွင်ရှီး] Ownstory Sanay Moe Swe