Chapter(14)

572 96 14
                                    

{{ UNICODE }}
Breeze 🍃

Breakfast စားချိန်ရောက်နေပြီမို့ မီးဖိုချောင်ထဲ ချန်ဖေးယွီ တစ်ယောက်ပျာယာခတ်နေသည်၊ ဘာကြောင့်လဲလို့ မမေးလေနှင့် ချစ်ရသူ ဦးးအတွက်မနက်စာပြင်ဆင်နေခြင်း၊

ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဦးးက ရေရေရာရာအဖြေလဲ မပေးခဲ့သလို တာဝန်ယူပါဟူသော စကားကိုငြင်းဆန်ခြင်းလဲမပြုခဲ့။

ကိုယ့်ဘာသာအပိုင်တွက်ပြီး ဦးးအနားကပ်ရန်သာတွေးလိုက်သည်။ ချစ်ရဲ့သားနဲ့ဝန်မခံရဲတယ့် ဦးးကို ဝန်ခံလာအောင်လုပ်ပြမည်။ မယုံရင်ကြည့်နေ..။

"ဦးး Breakfast ရပြီနော်.."

ရှေ့မှာ အငွေ့တထောင်းထောင်းထနေတယ့် ဆန်ပြုတ်တစ်ခွက်နှင့် အရင်တစ်ခါကလို အသဲပုံပူတင်းများက ယွင်ရှီးရှေ့မှောက်ကိုအခစားဝင်လာသည်မို့..

"ဘာလို့အပင်ပန်းခံနေတာလဲ? အဲ့လောက်ထိမလိုဘူးလေ ဖေးယွီ"

Notebook ကိုပိတ်လိုက်ပြီးခပ်စူးစူးတစ်ချက်ကြည့်ရင်း ထိုကလေးအားဆူပူလိုက်တော့ ပြုံးပြုံးလေးနှင့်ပြန်ပြောလာတာက ကိုယ့်စကားနဲ့ဆက်စပ်မှုလုံးဝမရှိ..။

"မပင်ပန်းပါဘူးဗျာ ဦးးအတွက်ဆိုဘာပဲလုပ်ရလုပ်ရ ၊ နောက်ပြီး ကျွန်တော့်ကို ဖေးယွီလို့မခေါ်နဲ့တော့ ၊ အရင်ကလို ယွီအာလို့ပဲခေါ် ဟီးး.."

"ဟင်..."

ဒါကသွယ်ဝိုက်ပြီး သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကို ချပြလိုက်တာပဲ၊ "ယွီအာလို့ခေါ်ချင်ရင် ကျွန်တော့်ရဲ့ Sugar Daddyလုပ်"ဆိုတယ့်အတိုင်း ဖြစ်နေခဲ့ပြီမလား??

ရုပ်တည်နေသလောက် ယွင်ရှီး နားရွက်နှစ်ဖက်ကာ ခန္ဓာကိုယ်ကိုသစ္စာဖောက်ကာ ရဲရဲနီနေကြသည်။ ဒီကလေးက တကယ့်ကိုမျက်နှာရူးပဲ..၊

မဆီမဆိုင်ပဲ ဆန်ပြုတ်တစ်ဇွန်းကို အရှက်ပြေပါးစပ်ထဲထည့်လိုက်တော့..

"အ..အ..ပူလိုက်တာ.."

"ဦးးး.ဟာဗျာ... ဒုက္ခပါပဲ၊ နှုတ်ခမ်းကယောင်နေပါတယ်ဆိုမှ ခုတော့အပူလောင်ပြန်ပြီ ကျစ်!!!"

ကိုယ်ကစိတ်ပူပြီးဒီအတိုင်းရေရွတ်လိုက်ပေမယ့် တစ်ယောက်သောသူရင်ထဲကိုတော့ တစ်နေ့ကအကြောင်းအရာများက ခေါင်းထဲသို့အလုံးအရင်းဖြင့် ဝင်ရောက်ကုန်သည်။

"Breeze"Where stories live. Discover now