Chapter 12 ( Unicode)

16.6K 1.4K 85
                                    

မင်းဆက်သည် နားထဲမှာ ဖုန်းသံကြားလို့ ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်ထားသော ဖုန်းကို ဆွဲထုတ်ယူလိုက်သည်။ ဖုန်းခေါ်သူက မင်းဆက်ရဲ့ကိုယ်ရံတော်ကြီး ဦးမင်းမြတ်မွန်‌။ မင်းဆက် ဘယ်မှာလဲဆိုတာကို သိချင်လို့ပဲ ဖြစ်မည်။

"ဟယ်လို ဆက်လေး"

"အင်း ..ဦးမွန်"

"ဒီအသံဖြစ်နေတယ်ဆိုတော့ ခုနက ကောင်လေးက ဗင်ဒါမဟုတ်ဘူးလား၊ အခု ဘယ်မှာလဲ၊ ဦးမွန် လာခေါ်မယ်"

"ပန်းခြံမှာ၊ လိုက်မလာနဲ့၊ ဘုရားပေါ်တက်လာမယ်"

"ကြာသပတေးထောင့်ကို လိုက်ခဲ့နော်၊ အန်တီမြတ် ဒီမှာ ဘုရားကန်တော့နေတယ်"

"ဟုတ်၊ လာခဲ့မယ်"

"အဲ့ဒါဆို ဦးမွန် ဖုန်းချပြီ"

"ဟုတ်"

ဖုန်းပြောပြီးနောက် ဦးမွန်တို့အနောက်ကို မင်းဆက် လိုက်သွားသည်။ ဦးမင်းမြတ်မွန်ဆိုတဲ့ လူကြီးအကြောင်း မင်းဆက်သိသည်။ မင်းဆက်မျက်နှာကို မမြင်ရမချင်း စိတ်ပူနေတတ်တာ။ အခုလည်း အဲ့ဒီလူကြီး ဘုရားရှိခိုးနိုင်ဦးမှာ မဟုတ်ဘူး။ မင်းဆက်ကို စောင့်နေမှာပေါ့။

"ဦးမွန်.. ဘုရားမရှိခိုးဘဲ ဘယ်ကိုလိုက်ကြည့်နေတာလဲ၊ ရောက်တုန်းရောက်ခိုက် ဘုရားလည်းဖူး လိပ်ဥလည်း တူးမလို့လား"

"မဟုတ်တာ၊ ဆက်လေး ရှာမတွေ့မှာစိုးလို့ ဘုရားမရှိခိုးသေးတာ"

"အဟား.. လူပျိုကြီး၊ မှန်မှန်ပြော၊ ဘေးနားက မယ်မဒီ တစ်သိုက်ကို ကြာပစ်ပြနေတာမဟုတ်လား"

"ဟာ.. မဟုတ်တာ၊ ဒုက္ခပါပဲ၊ ဦးမွန် ဘုရားရှိခိုးတော့မယ်"

"လူပျိုကြီး ရှက်သွားပြီ၊ ကဲကဲ ကျွန်တော်လည်း လူကြီးကို စနောက်တာ ငရဲရောက်နေမှာစိုးလို့ ဘုရားကို ဦးချလိုက်ပါဦးမယ်"

"ဘယ်ကိုလဲ ကလေး"

"ဗုဒ္ဓဟူးထောင့်၊ စကိတ်ထားခဲ့မယ်နော်၊ ဦးမွန် ယူထားပေး"

"အင်း အင်း"

မင်းဆက်ရဲ့နေ့နံ ဗုဒ္ဓဟူးထောင့်ကို ထွက်လာလိုက်သည်။ ဗုဒ္ဓဟူးထောင့်မှာ ဘုရားကို ထိုင်ရှိခိုးသည်။ အိမ်မှာ ဘွားဘွား သင်ပေးထားလို့ ဘုရားစာအစုံကို မင်းဆက်လည်း ရွတ်ဖတ်တတ်တာမို့ ဘုရားရှေ့မှာ  လက်အုပ်ချီပြီး ဘုရားစာ ရွတ်နေလိုက်သည်။

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ