ဒီနေ့က လွှမ်း တက္ကသိုလ် စတက်ရတဲ့နေ့ပါ။ ဖေဖေ့ခွင့်ပြုချက်နဲ့ ကိုထိုက်က လွှမ်းကို ကျောင်းအကြိုအပို့လုပ်ပေးမည်။ ကျောင်းသွားဖို့ ပြင်ရအောင် ရေချိုးဖို့ အင်္ကျီချွတ်တုန်းရှိသေး၊ ကိုထိုက်က အခန်းတံခါးတွန်းဖွင့်ပြီး အခန်းထဲဝင်လာသည်။
"လွှမ်း အခုမှ ရေချိုးမှာလား"
"ကိုထိုက် အစောကြီးရောက်လာတာလား၊ ကျွန်တော် ရေမချိုးရသေးဘူး၊ Breakfast လည်း မစားရသေးဘူး၊ ထိုင်စောင့်ဦး"
"အင်းပါ၊ ကိုထိုက် စောင့်နေမယ်"
ကိုထိုက်က လွှမ်းကို ပြန်ပြောပြီးတော့ ကျောပိုးအိတ်ကို ခုတင်ပေါ်မှာ ချသည်။ ပြီးတော့ လွှမ်း ရေချိုးမလို့ အင်္ကျီချွတ်နေတာကို လိုက်ကြည့်သည်။
"လွှမ်းက တစ်နေ့တခြား ချောချောလာတာ စိတ်မဖြောင့်တော့ဘူး"
"အမ်! ကိုထိုက် ဘာပြောတာလဲ"
"ဪ စာသင်ရမှာ စိတ်မဖြောင့်ဘူးလို့၊ လွှမ်းကို စိတ်မချလို့လေ"
"ကိုထိုက်ကလည်း ဟာသပဲ၊ ကျွန်တော်က ကိုယ့်ဘာသာ စောင့်ရှောက်နိုင်တယ်၊ ကျောင်းအကြိုအပို့ လုပ်ပေးစရာတောင် မလိုဘူး"
"အဲ့ဒါတော့ မရဘူး၊ သေချာပေါက် လုပ်ရမှဖြစ်မှာ၊ အဲ့ဒီလိုမလုပ်ရင် တော်ကြာတစ်ခုခုဆို ကိုယ်ရူးမှာပေါ့ လွှမ်းရဲ့"
"ကိုထိုက် ဘာတွေပြောနေတာလဲ"
"ဘာမှမဟုတ်ဘူး ..ရေချိုး ရေချိုး"
ကိုထိုက်က တစ်ခုခုပဲ။ ဘာပြောနေမှန်းလည်း မသိဘူး။ ဒီလူကြီးက ကိုယ့်အခန်းမှာ လာထိုင်စောင့်နေတာဆိုတော့ လွှမ်းက ရေကို စိမ်ပြေနပြေ မချိုးလိုက်ရဘူး။ ခပ်မြန်မြန်ပဲ ရေချိုးခန်းထဲက ပြန်ထွက်လာလိုက်သည်။
"လွှမ်း ရေချိုးတာ မြန်လိုက်တာ၊ ကိုထိုက် လွှမ်းပြန်ဝတ်ဖို့ အဝတ်အစား ထုတ်ထားပေးတယ်"
"ဟုတ်လား၊ အေးတယ်ဗျ၊ အကြာကြီး မချိုးနိုင်ဘူး"
ထိုက်သူစိုးက လွှမ်းအတွက် ကျောင်းယူနီဖောင်းကို ထုတ်ထားပေးသည်။ လွှမ်းကလည်း မွေးပွတဘက်ကို လှမ်းယူပြီးတော့ ခန္ဓာကိုယ်ပေါ်က ရေစက်တွေကို သုတ်နေသည်။ ထိုက်သူစိုးက လွှမ်းလေးကို ငေးနေမိသည်။ ဘိုဆန်ဆန်မျက်နှာနဲ့ ချောသန့်နေသော ကောင်လေးက ခန္ဓာကိုယ်မှာ အင်္ကျီဗလာနဲ့ ရင်ဖိုစရာကောင်းအောင် sexy ကျနေသောအခါ လွှမ်းကို ငေးနေရင်းနဲ့ စိတ်မှာ အာသီသတစ်မျိုး ဖြစ်လာမိသည်။
YOU ARE READING
ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]
Romance[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ