Chapter 37 (Zawgyi)

10.1K 415 9
                                    

လွှမ်းတို့ခြံရှေ့ကို မင်းဆက်ရောက်လာသည်။ ခြံရှေ့မှာ ဖုန်းတစ်လုံးနှင့် အလုပ်များနေသော ဦးလွှမ်းအောင်နိုင်နှင့် မျက်စိမျက်နှာပျက်နေသော အန်တီပွင့်ကို လှမ်းတွေ့ရသည်။ သူတို့တွေ ခြံရှေ့ထွက်ပြီး ဘာဖြစ်နေကြတာလဲ။ မင်းဆက်လည်း ခြံရှေ့မှာ ကားထိုးရပ်ပြီးတာနဲ့ သို့လောသို့လော အတွေးတို့ဖြင့် ကားပေါ်က ခပ်မြန်မြန် ဆင်းလိုက်သည်။

"အန်ကယ်တို့ ဘာဖြစ်နေကြတာလဲ"

"အေး..ထိုက်သူစိုးကွာ ပြဿနာအကြီးကြီး ရှာသွားလို့၊ တောက်! အစ်ကိုကြီးကို ပြောဦးမှပဲ"

"ကိုလွှမ်းအောင်နိုင် ရှင့်အစ်ကိုက သူ့သားကို လုံခြုံတဲ့နေရာမှာ ဝှက်ပေးတဲ့လူတောင် ဖြစ်နေဦးမှာ"

မင်းဆက် မေးလိုက်တဲ့ မေးခွန်းကို နှစ်ယောက်စလုံးက ပြောကြပေမယ့် မင်းဆက် နားမလည်နိုင်။ အန်တီပွင့်ရဲ့ မျက်နှာကလည်း တစ်ခုခု စိုးရိမ်နေသလို ပျက်ယွင်းနေတာမို့ မင်းဆက်လည်း သိချင်စိတ်က တအားပြင်းပြလာသည်။ အန်တီပွင့်သည် တုန်လှုပ်နေသောမျက်နှာဖြင့် လက်ထဲကိုင်ထားသော အဝါ ရောင်စာရွက်လေးကို ထောင်ပြလာသည်။

"ဂျင်ဂျာ ဒီမှာ ဒါကို ဖတ်ကြည့်လိုက်"

ဒီစာလုံးတွေဟာ မင်းဆက်ရဲ့နှလုံးသားကို ဆွဲထုတ်ပစ်လိုက်သလို ခံစားရစေသည်။ ကိုယ်မြတ်နိုးရတဲ့ ဗင်ဒါပန်းခက်လေးကို အဲ့ဒီကောင် ခိုးပြေးသွားပြီတဲ့။ လုံးဝကို မထင်မိတာ။ မင်းဆက်က နောက်ဆုံးမှာ လွှမ်းကို ပိုင်ဆိုင်ခွင့်ရလိုက်တာ သိသွားခဲ့လို့ အဲ့ဒီကောင်က ခွေးကျင့်ခွေးကြံ ကြံသွားတာပဲ ဖြစ်ရ မည်။

"လွှမ်းကို ငထိုက် ခိုးသွားတယ်ဟုတ်လား၊ တောက်! ဒီကောင် သက်သက်ယုတ်မာတာ"

"အန်တီတို့ မျက်စိရှေ့တင် ထိုက်သူစိုးက သားလွှမ်းကို ပခုံးပေါ်ထမ်းတင်ပြီး ကားတင်ပြေးသွားတာ"

"သူ့ကားကို အခုလေးတင် လမ်းထဲမှာ တွေ့ခဲ့တာ၊ လွှမ်းပါသွားမှန်းသိရင် တန်းလိုက်တာပေါ့၊ ငထိုက်က သူပိုင်တဲ့ ဟိုတယ်တစ်ခုခုကို ခေါ်သွားတာပဲ ဖြစ်ရမယ်၊ အဲ့ဒီကောင် လွှမ်းကို လုံးဝ မရစေရဘူး"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Onde histórias criam vida. Descubra agora