Chapter 26 (Unicode)

15.1K 1.3K 75
                                    

ရန်ကုန်မြို့၊ ရွှေတောင်ကြားလမ်းရှိ မြတ်တော်ဝင် ခြံကြီးထဲကို Alphard တစ်စီး မောင်းဝင်လာသည်။ ရေကူးကန်ဘေးသို့ ရောက်သောအခါ ကန်ဘေးတွင် အရှိန်လျှော့ချကာ ထိုးရပ်သွားသည်။

"မင်းမြတ်မွန် ငါ့မြေးက ဒီအချိန်ကြီး ရေကူးနေတုန်းလား၊ ဆက်လေးကို သွားပြောလိုက်၊ ရေကူးနေတာ ရပ်တော့လို့"

"ကျွန်တော် ပြီးကျရင် သွားပြောလိုက်မယ်"

မင်းမြတ်မွန်က ကားကို ဆင်ဝင်အောက်အထိ မောင်းဝင်လာလိုက်သည်။ အန်တီမြတ်က အိမ်ထဲဝင်သွားမှ မင်းမြတ်မွန်လည်း ကားကို ဂိုထောင်မှာ ပါကင်သွားထိုးပြီးမှ ရေကူးကန်ဘက်ကို ထွက်လာလိုက်သည်။

"ကိုကိုဂျင်ဂျာ ..ကိုကို ရေကူးနေတာ ကြာနေပြီ၊ အအေးမိနေဦးမယ်ဗျ၊ တော်တော့လေ"

အိမ်ပြန်ရောက်ကတည်းက ကိုကိုက မရပ်မနားကို ဇွဲနပဲကြီးစွာ ရေကူးလိုက်၊ ရေငုပ်လိုက်နဲ့ လုပ်နေတာ။ ကိုကို ဘာဖြစ်လို့ အဲ့ဒီလောက် သည်းကြီးမည်းကြီး ရေကူးနေတာလဲ။ ကျွန်တော် နားမလည်နိုင်ဘဲ ကိုကို့ကို ကြည့်ကောင်းကောင်းနဲ့ ငေးနေမိသည်။

"ဆက်လေး..တော်တော့ ကလေး၊ နေဝင်နေပြီ"

အသံကြားလို့ လှည့်ကြည့်လိုက်တဲ့အခါ ဦးမင်းမြတ်မွန်က ရေကူးကန်ကို လျှောက်လာ‌နေသည်။ ပါလေရာ ငါးပိချက်ပဲ။ ဟိုနေ့ညကဆိုလည်း ဒီဘဲကြီး ဝင်ရှုပ်လို့ အစီအစဥ်ပျက်သွားတာ။ အခုကြည့်ပါလား။ ကျွန်တော်လုပ်ပေးရမယ့်အလုပ်ကို သူကပဲ လုပ်ချင်နေတာလား။ လက်ထဲမှာ မွေးပွတဘက်ကို ကိုင်ထားပြီးတော့ ကိုကို့ကို ကန်ပေါင်ပေါ်က စောင့်နေတာ။

"အဲ့ဒါကို ဒီကိုပေးစမ်းပါ၊ ခင်ဗျားအသက်အရွယ်နဲ့ ကိုကို့ကို ဒါမျိုးလုပ်ပေးဖို့ မသင့်လျော်ဘူး"

"ဗင်ဒါ"

"ကျွန်တော်ပြောတာ မဟုတ်လို့လား၊ ကိုကို့ဘေးမှာ မစားရအညှော်ခံ လုပ်ချင်နေတာလား"

"ဗင်ဒါ တော်စမ်း၊ ငါနဲ့ ဆက်လေးရဲ့ပတ်သတ်မှုက သန့်ရှင်းတယ်၊ မင်းလို ညစ်ပတ်တဲ့စိတ်မျိုး မရှိဘူး"

"ပေးစမ်းပါဗျာ အဲ့ဒီတဘက်၊ ဒူးနေရာဒူး တော်နေရာတော်၊ နေတာကောင်းမယ်၊ နွားအိုမြက်နုကြိုက်တာကို နားလည်ပေမယ့် ဒီမြက်နုက ကျွန်တော့်အတွက်"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Onde histórias criam vida. Descubra agora