Chapter 20 ( Unicode)

16K 1.3K 113
                                    

မင်းဆက်သည် Moon Star Construction ကို ချက်ချင်းလိုက်သွားပြီး MD ရုံးခန်းကို ပြေးဝင်သွားလိုက်သည်။ အခန်းထဲမှာ ဘွားဘွားက ရွှေအိုရောင်ဆံပင်ရှိ‌သော ကောင်လေးနှင့် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ကောင်လေး၏ နောက်ကျောပြင်လေးကို လှမ်းမြင်ရုံနဲ့ မင်းဆက် သိပ်ဝမ်းသာသွားသည်။

"ဗင်ဒါ.. ကိုကို့ညီလေး..ကိုကို သိပ်ဝမ်းသာတာပဲ ဗင်ဒါရယ်"

"ကိုကိုဂျင်ဂျာ..ကျွန်တော် ကိုကို့ကို အရမ်းတွေ့ချင်လို့ လိုက်လာတာ"

မင်းဆက် ဝမ်းသာလွန်းလို့ ဗင်ဒါ့ကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲသွင်းပြီး ခပ်တင်းတင်းလေး ဖက်ထားလိုက်သည်။ ဦးမွန်က ဘာမှတော့ ဝင်မပြောလာဘူး။ ဦးမွန်က ပြုံးပြီးတော့သာ မင်းဆက်တို့ကို ငေးကြည့်နေသည်။ ဘွားဘွားကတော့ စိတ်ရှုပ်ထွေးသလိုပုံစံမျိုးနဲ့ မျက်နှာပျက်နေသည်။

"ဆက်လေး မြေးရေ ..သားရဲ့ဗင်ဒါရော ဟုတ်ရဲ့လားကွယ်၊ သားရဲ့အမွေတွေကို လိုချင်လို့ အနားကိုရောက်လာတဲ့ လူလိမ်လည်း ဖြစ်နိုင်တယ်နော်"

ဘွားဘွားက ဘာလဲ။ ဗင်ဒါ့ကို အဲ့ဒီလိုပြောလာတာ မင်းဆက် မကြိုက်ဘူး။ အမှန်ဆိုရင် ဘွားဘွားကြောင့် မင်းဆက်က ဗင်ဒါလေးနဲ့ ကွဲခဲ့ရတာ။ အခု ဆိုက်ဆိုက်မြိုက်မြိုက် ကိုယ့်အရှေ့ကိုပြန်ရောက်လာပေးတဲ့ ဗင်ဒါလေးကို ဘာအကြောင်းနဲ့မှ လက်လွှတ်မပေးနိုင်ဘူး။

"ကျွန်တော်က ဗင်ဒါအစစ်ပါ ကိုကိုဂျင်ဂျာ၊ ကျွန်တော် မွေးစားမိဘတွေနဲ့ ထိုင်းနိုင်ငံကို ပါသွားတာ၊ လွန်ခဲ့တဲ့ ၆ လက ကျွန်တော်တို့အိမ် မီးလောင်သွားတယ်၊ မွေးစားမိဘတွေက မီးထဲပါသွားတယ်၊ ကျွန်တော့်မှာ ဘယ်သူမှမရှိတော့လို့ နေစရာလည်းမရှိလို့ ဂေဟာမှာ သွားပြန်နေတယ်၊ မာသာတို့က ကိုကို့ဘွားဘွားအကြောင်းကို ပြောပြလို့ ရန်ကုန်ကို လိုက်လာတာ၊ ကိုကို ကျွန်တော့်ကို နှင်လွှတ်ရင် ဂေဟာကို ပြန်ပေးမှာပါ..အင့်..အီးဟီး"

မင်းဆက်ရင်ထဲမှာ ဆို့နင့်သွားရသည်။ ဗင်ဒါလေးက မျက်ရည်ပေါက်ကြီးငယ်ကျကာ သူ့ဘဝဇာတ်ကြောင်းကို ပြောပြသည်။ မင်းဆက် ဘယ်လိုမှ မခံစားနိုင်ဘူး။ ကိုယ်အရမ်းချစ်ခဲ့ရသော ကလေးက ဒီလိုတွေ ဒုက္ခရောက်နေခဲ့တာလား။

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Hikayelerin yaşadığı yer. Şimdi keşfedin