Chapter 4 (Unicode)

20.1K 1.6K 21
                                    

ဂျင်ဂျာတို့တွေ ဂေဟာကို ပြန်ရောက်လာကြသည်။ ရေချိုးပြီးတိုင်းမှာ ဗင်ဒါ့ကို ဂျင်ဂျာလုပ်ပေးနေကြအတိုင်း သနပ်ခါးကို ကိုယ်တိုင်သွေးကာ ဗင်ဒါ့ပါးပြင်မှာ သနပ်ခါးနဲ့ ယုန်ပုံလေးကို ဆွဲပေးဖြစ်သည်။

"ကိုကို့ညီလေးက ယုန်ပုံလေးနဲ့ လှသွားပြီ၊ သနပ်ခါးတွေ ပျက်မယ်နော်၊ ဒန်းပေါ်မှာ ငြိမ်ငြိမ်သွားထိုင်နေ၊ ကိုကို သနပ်ခါးလိမ်းလိုက်ဦးမယ်၊ ပြီးရင် လိုက်လာမယ်"

"ဟုတ် ကိုကို"

ဗင်ဒါလည်း ကိုကို့ကို ခေါင်းညိတ်ပြပြီး ခြံဝင်းထဲကို ပြေးထွက်လာလိုက်သည်။ ကိုကိုဂျင်ဂျာက သနပ်ခါးထိုင်လူးနေသည်။ ဗင်ဒါက ထင်းရှူးပင်အောက်က ဒန်းမှာ သွားထိုင်သည်။ ဒန်းလွှဲရာမှ ရလာသည့် လေအလျင်သည် ဗင်ဒါ့ပါးပြင်က ယုန်လေးနှစ်ကောင်ကို စိုထိုင်းခြင်းမှ သွေ့ခြောက်ခြင်းသို့ ကူးပြောင်းလာစေသည်။

"ဟေ့ကောင် ဗင်ဒါ"

"ဟင်.. ဘာလဲ ဖိုးတုတ်"

နာမည်ခေါ်သံကြားလိုက်လို့ ဗင်ဒါလည်း ဒန်းစီးရာမှ ရပ်သွားသည်။ ခေါင်းကို လည်ပြန်ကြည့်လိုက်တဲ့အခါ ဖိုးတုတ်ဖြစ်နေသည်။ ဖိုးတုတ်က ဂေဟာကပဲ။ အသားညိုညိုနှင့် ခန္ဓာကိုယ်က ပုလုံးနေလို့ နာမည်အရင်း မခေါ်ကြဘဲ ဖိုးတုတ်ဆိုပြီး မာသာတို့က အလွယ်ခေါ်ကြသည်။ ဖိုးတုတ်သည် ဗင်ဒါ့အနားကို ရောက်လာပြီး သူ့လက်ဖဝါးကြီးဖြင့် ဗင်ဒါ့ပါးပြင်နှစ် ဖက်ကို အားပါးတရ ဖိပွတ်ပစ်လာသည်။

"ဟားဟား ..မင်းသနပ်ခါးတွေ ပျက်သွားပြီ၊ ကိုကိုဂျင်ဂျာ လိမ်းပေးထားတဲ့ သနပ်ခါးတွေ ပျက်သွားပြီ၊ မင်းမျက်နှာမှာ ဘာယုန်မှ မရှိတော့ဘူး"

"မင်းတော်တော် အကျင့်ပုတ်တာပဲ၊ ဘာဖြစ်လို့ ကိုကိုလိမ်းပေးထားတာကို လာဖျက်ပစ်တာလဲ"

"ကြည့်မရလို့၊ ကိုကိုဂျင်ဂျာက ငါတို့ကျ မခေါ်ဘူး၊ မင်းကိုပဲ ချစ်နေတာ ကြည့်မရလို့"

"မင်းက ချစ်စရာမှမကောင်းတာ၊ ကိုကိုက မင်းကို ချစ်မလား"

"အဲ့ဒါဆိုရင် သူ့အိမ်သွားနေလေ ဗင်ဒါ၊ ဘာဖြစ်လို့ ဒီမှာ နေနေသေးတာလဲ၊ ငါတို့ဂေဟာမှာ လာမနေနဲ့၊ သွား ..ထွက်သွား"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Donde viven las historias. Descúbrelo ahora