Chapter 2 (Unicode)

24.7K 1.9K 22
                                    

ဂျင်ဂျာတို့ မိသားစုသည် မိဘမဲ့ကလေးများကို လက်ဆောင်ပစ္စည်းများ ပေးကမ်းပေးပြီးတဲ့အခါ ထမင်းစားဆောင်သို့ သွားကြည့်ကြသည်။ ဂေဟာမှာရှိသော ကလေးများစွာထဲကမှ ဆံပင်ရွှေရောင် ကောင်လေးအနားသို့ ဂျင်ဂျာ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။

"ဗင်ဒါ .. ဘယ်လိုလဲ နတ်သုဒ္ဓါ စားကောင်းလား ညီလေး"

"ဟုတ်..သား အရမ်းကြိုက်တယ်၊ ကိုကိုတို့မိသားစု ကျန်းမာချမ်းသာပါစေ"

"ကျေးဇူး ဗင်ဒါ၊ မင်းက လိမ္မာလိုက်တာ၊ အရမ်းချစ်ဖို့ ကောင်းတာပဲ"

အလှူရှင်တွေ ပေးကမ်းလှူဒါန်းတာကို ယူပြီးတိုင်းမှာ ကျေးဇူးသိတတ်သောအားဖြင့် ပြန်လည်ဆုတောင်းပေးရမယ်ဆိုတာကို မာသာတို့က သင်ပေးကြသည်။ အလှူရှင်များက ဂေဟာကို လာရောက်၍ ဒါနပြုကြလို့လည်း အရသာရှိလှသော နတ်သုဒ္ဓါကို စားဖူးကြတာ။ အလှူရှင်မရှိသော ရက်တွေဆိုရင် ဗင်ဒါတို့ စား ရတာက ဘဲဥအချဥ်ရည်ဟင်း၊ အသီးအရွက်ကြော်တွေပဲ များသည်။ အဲ့ဒါကြောင့် ဂေဟာမှာ အလှူရှိရင် ဗင်ဒါတို့ အရမ်းပျော်သည်။

"ဖြည်းဖြည်းစားနော် ဗင်ဒါ၊ နတ်သုဒ္ဓါစားပြီးရင် ဒိုမီနိုလည်း တိုက်ဦးမှာ၊ ဒိုမီနိုရော မင်းကြိုက်လား"

"ဒိုမီနိုက ဘာလဲကိုကို၊ သား တစ်ခါမှ မစားဖူးဘူး"

ဗင်ဒါလေးက ဒိုမီနို မစားဖူးကြောင်း သူ့ခေါင်းလေးကို ခါယမ်းပြသည်။ အဲ့ဒီလိုကျတော့ ဂျင်ဂျာ စိတ်မကောင်းဖြစ်ရသည်။ ဂျင်ဂျာက ဒယ်ဒီ၊ မာမီတို့နှင့် နေထိုင်ရ၍ လိုချင်တာမှန်သမျှ ပူဆာလို့ရနေပေမယ့် ဗင်ဒါလေးက အလှူရှင်တွေ ပေးကမ်းမှ နေထိုင်စားသောက်ရသော ဘဝကို ရရှိနေတာမို့ ဗင်ဒါလေးကို သနားမိသည်။ တစ်ဆက်တည်း ဖြစ်ပေါ်လာသော ခံစားချက်က ဗင်ဒါလေးကို ညီလေးအဖြစ် အိမ်ခေါ်သွားချင်သည်။

"ကိုကိုပြောပြမယ်၊ ဒိုမီနိုဆိုတာ သစ်သီးအစုံပါတဲ့ သီးစုံမလိုင် ရေခဲမုန့်ကို ပြောတာ၊ အသီးတွေ အစုံပါတယ်၊ အရသာက ချိုအီဆိမ့်နေတာပဲ၊ အရမ်းစားကောင်းတာ"

"ဟာ .. ဟုတ်လား၊ ကိုကို့အနောက်ကို လိုက်လာရင် သားကို ဒိုမီနို အများကြီး ဝယ်ကျွေးမှာလား"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Où les histoires vivent. Découvrez maintenant