အခန်း(၁) ပုံပြင်လေး၏အစ

92.6K 4.4K 567
                                    

(Zawgyi)🍊🍊🍊

(ကိုယ့်လက်ကိုတွဲလို့ ကိုယ့်လူဖြစ်ပေးပါ)

အခန်း(၁) ပုံပြင်လေး၏အစ

C နိုင်ငံ၏ မြို့တော်ကြီးတစ်ခုတွင်....

မြို့တော်ကြီ့းဖစ်သည်နှင့်အညီ စည်ကားသိုက်မြိုက်
စွာ သွားလာလှုပ်ရှားနေကြသော သူများဖြင့်ပြည့်နက်
နေ၏။ ညအချိန်ခါဖြစ်သော်လည်း လှပစွာအလှဆင်
ထားသော ညမီးရောင်များကြောင့် နေ့ညခွဲ၍ပင်မရ
နိုင်သည်အထိ ထိန်လင်းကာလှပနေတော့သည်။

ပိုင်ယွင်ဆိုသော သူ့အတွက်တော့ ထိုလှပမှုများကို
ခံစားရန်အချိန်မရပေ။ အကြောင်းမှာ ဒီနေ့ကပိုင်ယွင်
၏ လစာထုတ်ရက်ဖြစ်ပြီး သူငယ်ချင်းများနှင့်အတူ
ဘီယာသွားသောက်ရန်ချိန်ထားသောဆီသို့သွားရန်
အလျင်လိုနေသောကြောင့်ပင်။

ပိုင်ယွင်က တစ်ဦးတည်းသောသားဖြစ်သည်။ မိဘ
များဆုံးပါးသွားပြီးနောက် တစ်ကောင်ကြွက်ဘဝသို့
ရောက်သွားသည်။ သူကအလုပ်လုပ်ရင်း ကျောင်း
တက်ကာ လွတ်လပ်စွာနေထိုင်ရခြင်းကိုခုံမင်သော
သူတစ်ဦးလည်းဖြစ်သည်။ အချမ်းသာကြီးမဟုတ်
သော်လည်း သူတစ်ယောက်အတွက်တော့ကောင်း
စွာ သုံးစွဲနိုင်သောအခြေအနေတွင်ရှိသူဖြစ်သည်။

ပိုင်ယွင်ကဉာဏ်ကောင်းသောကျောင်းသားတစ်ယောက်
ဖြစ်သည်။ ထို့ကြောင့် အချို့စာမလိုက်နိုင်သောကျောင်း
သားများကို အချိန်ပိုင်း Guide လုပ်ပေးလေ့ရှိသည်။
ချက်ပြုတ်ရသည်ကိုသဘောကျသောကြောင့် စား
သောက်ဆိုင်တစ်ခုတွင်လည်း အချိန်ပိုင်းအလုပ်လုပ်
သည်။

ထို့ပြင် ကိုယ်ခံပညာရပ်များကိုသဘောကျသောကြောင့်
သိုင်းသင်တန်းတစ်ခုတွင်အချိန်ပိုင်းနည်းပြဆရာဝင်လုပ်
သေးသည်။ ပိုင်ယွင်၏အချိန်အများစုသည် အချိန်ပိုင်း
အလုပ်များနှင့်သာကုန်ဆုံးနေခြင်းဟုပြော၍ရသည်။

သို့သော် ပိုင်ယွင်လုပ်သောအချိန်ပိုင်းအလုပ်မှန်သမျှ
သည် ပိုက်ဆံအတွက်ကြောင့်မဟုတ်ဘဲ ပိုင်ယွင်က
သူဝါသနာပါရာများကိုလျှောက်လုပ်နေခြင်းသာ..။

ခရီးသွားရခြင်းအား သဘောကျသောပိုင်ယွင်တွင်
ဝါသနာတူသူငယ်ချင်းတစ်ချို့ရှိသည်။ ယနေ့လည်း
ထိုသူများနှင့်ဆုံကာ ဘီယာသောက်ရင်း ဒီတစ်ခေါက် သွားမည့် ခရီးအကြောင်းဆွေးနွေးကြမည်ဖြစ်သည်။

Hold My Hand And Be My Man [Completed]Where stories live. Discover now