Part-59

14.2K 1.9K 88
                                    

(Zawgyi)🍁🍁🍁🍁

Part-59
(ကိုယ့်​လက်​ကိုတွဲလို့...ကိုယ့်​လူဖြစ်​​ပေးပါ..!!..)

ရှောင်​စန်း နိုးလာချိန်​တွင်​ ​ရောက်​​နေ​သော..
နေရာအား ကြည့်​လိုက်​​တော့ တန်​ဖိုးကြီး​သော
အသုံးအ​ဆောင်​ များဖြင့်​ ပြည့်​​နေ​သော...
အခန်းကျယ်​တစ်​ခု...။

ရှောင်​စန်း သိသည်​က ထို​နေရာသည်​...
ရှောင်​စန်း တစ်​ခါ ​ရောက်​ဖူးခဲ့​သော ရန်​အရှင်
၏ ​အဓိကနန်း​ဆောင်​ပင်​...။

ရှောင်​စန်း ကုတင်​​ပေါ်မှ အမြန်​ထကာ...
အပြင်​ထွက်​ရန်​ လုပ်​လိုက်​သည်​...။
ရှောင်​စန်း မှတ်​မိသ​လောက်​ ဒီ​နေ့သည်​...
သံတမန်​ခရီးစဉ်​ ​နောက်​ဆုံး​နေ့ဖြစ်​သည်​...။

ရှောင်​စန်း တံခါးအနားအ​ရောက်​...
ပွင့်​လာ​သော တံခါးနှင့်​အတူ မြင်​လိုက်​ရ
သော သူ​ကြောင့်​ ​နောက်​သို့ ​ခြေနှစ်​လှမ်းခန့်
ပြန်​ဆုတ်​လိုက်​မိသည်​...။

"​ရှောင်​စန်း.. သတိရပြီလား...
နောက်​ဆို ခံနိုင်​ရည်​ရှိ​အောင်​ များများ...
လေ့ကျင့်​​ပေးမှပါဘဲ.."

ရှောင်​စန်း ​ခြေကာလက်​ကာဖြင့်​...
အသည်းအသန်​ ငြင်း​​တော့သည်​...။

"ဘာကိုလဲ.. ဘာမှမ​လေ့ကျင့်​ဖူး...
ဖယ်​​ပေး.. အိမ်​​ရှေ့စံ ဆီ သွားမှဖြစ်​မယ်​.."

"မရှိ​တော့ဘူး..."

"ဟမ်​...ဘာကိုမရှိတာလဲ..."

ရန်​အရှင်​.. ​ရှောင်​စန်း အ​မေးအား...
ချက်​ချင်းပြန်​မ​ဖြေဘဲ အခန်းကျယ်​၏ အလယ်​ရှိ
ကျောက်​စိမ်း စားပွဲတွင်​ ဝင်​ထိုင်​ကာ....
လက်​ရည်​ကြမ်းနှစ်​ခွက်​ငှဲ့လိုက်​သည်​...။

တစ်​ခွက်​ကို မိမိမျက်​နှာချင်​ဆိုင်​ ခုံ​ရှေ့တွင်
ချလိုက်​ကာ ​ရှောင်​စန်း ကို​ပြောလိုက်​သည်​..။

"လာထိုင်​​လေ.. ဒီလက်​ဖက်​​ခြောက်​က...
တန်​ဖိုးအကြီးဆုံးဘဲ ယူနန်​ ​ဒေသက...
ဆက်​သထားတာ..။ စိတ်​ကြည်​​စေတယ်​..
ငါ အကြိုက်​ဆုံး လက်​ဖက်​​ခြောက်​ ​လေ..."

ရှောင်​စန်း ​ကြောင်​​တောင်​​တောင်​ ဖြင့်​...
ခေါင်းငြိမ့်​လိုက်​ကာ ​သောက်​ရန်​ အမူအရာပြ
နေ​သော ရန်​အရှင်​​ကြောင့်​ ​မော့​သောက်​လိုက်
သည်​...။

Hold My Hand And Be My Man [Completed]Donde viven las historias. Descúbrelo ahora