Part-22

16.8K 2.2K 103
                                    

(Zawgyi)🍁🍁🍁

Part-22
(ကိုယ့်​လက်​ကိုတွဲလို့...ကိုယ့်​လူဖြစ်​​ပေးပါ..!!..)

ပိုင်​ယွင်​..နှစ်​ခြိုက်​စွာ အိပ်​​ပျော်​​နေစဉ်​...
တစ်​စုံတစ်​ရာ ၏ စူးစိုက်​ကြည့်​ ​နေမှုအား...
ခံစား မိ​သော​ကြောင့်​...။

မျက်​လုံးများမဖွင့်​​သေး ​သော်​လည်း
မျက်​​မှောင်​များ တွန့်​ချိုး သွားရသည်​...။

ပိုင်​ယွင်​ အခြားဘက်​သို့
လှည့်​ကာ ပြန်​ အိပ်​ရန်​လုပ်​လိုက်​​သော်​လည်း...
မျက်​လုံးဖွင့်​ရန်​ စိတ်​ကူးမရှိ​သေး..။

သို့​သော်​ ပြန်​အိပ်​​ပျော်​ရန်​ပင်​ အခွင့်​မသာလိုက်
ဆွဲ့လှည့်​ခံလိုက်​ရသည်​နှင့်​ အတူ ပိုင်​ယွင်
လက်​​သေး​သေး​လေး နှစ်​ဖက်​လုံး ကိုပါ...
လက်​​ကောက်​၀တ်​ မှချုပ်​ကိုင်​ကာ အိပ်​ယာ ၏
ဘေးတစ်​ဖက်​ တစ်​ချက်​ဆီတွင်​ ဆွဲကပ်​ခံလိုက်
ရသည်​...။

မှုန်​ပြပြ..အလင်း​ရောင်​ အနည်းငယ်​သာရှိ​​သော
ကြောင့်​ မည်​သူမှန်းပင်​ သဲသဲကွဲကွဲ မမြင်​ရ..။

ပိုင်​ယွင်​ အိပ်​ချင်​စိတ်​​လေးများ လွင့်​ပြယ်​ကုန်​ရကာ
ထိုအရာ အား ပြန်​တိုက်​ခိုက်​ရန်​ ကြိုးစား
လိုက်​​သော်​လည်း ​လေးလံလွန်း​သော
အရာတစ်​ခု ၏ ဖိထားခြင်းကိုသာ...
ခံလိုက်​ရသည်​...။

"ယွင်​အာ..မရုန်းစမ်းနဲ့..!.."

ရင်းနှီး ​နေ​သော ခပ်​ရှရှ အသံ​ကြောင့်​ ပိုင်​ယွင်​...
အံ့သြ စွာ ​ရေရွတ်​မိသည်​...။

"အိမ်​​ရှေ့စံ..ဘယ်​လိုဖြစ်​ပြီး...
အွန့်​~..အွင်း..!!.."

ရုတ်​တရက်​ ဆန်​စွာ အနမ်းကြမ်းများ
ပေးလာ​သော အိမ်​​ရှေ့စံ ​...။

ပိုင်​ယွင်​..ထိုသူ၏..နှုတ်​ခမ်းများမှ လွတ်​​မြောက်
အောင်​ ရုန်းထွက်​လိုက်​ချင်​​သော်​လည်း...
လူတစ်​ကိုယ်​လုံး ရုန်းမရ​အောင်​ ဖိထားခံ​နေရ
သည့်​ အပြင်​ လက်​နှစ်​ဖက်​လုံး သည်​လည်း
အိပ်​ယာတွင်​ ဆွဲကပ်​ခံထားရသည်​...။

ပိုင်​ယွင်​ အိမ်​​ရှေ့စံ အား မျက်​လုံးပြူး​လေးများ..
ဖြင့်​ ကြည့်​ရုံသာ တတ်​နိုင်​​တော့သည်​...။

Hold My Hand And Be My Man [Completed]Where stories live. Discover now