(Zawgyi)🍁🍁🍁🍁
Part-28
(ကိုယ့်လက်ကိုတွဲလို့...ကိုယ့်လူဖြစ်ပေးပါ..!!..)ကောင်းအမတ်ချုပ်ကြီး အိမ်တော်...
အခန်းကျယ်မှ ကြားနေရသော အရာဝတ္ထုများ
ကျကွဲ ပျက်စီးသံ အချို့...။အခန်းရှေ့တွင်
ရပ်စောင့် နေကြသော အိမ်တော်ထိန်း နှင့်အစေခံ
အချို့သည်..အသက်ပင် ကောင်းကောင်း မရှူရဲ
ကြ...။အစေခံလေးများ ဆိုပါက အရဝတ္ထု ပျက်စီး
သံ တစ်ခု ထွက်လာလေတိုင်း ခန္ဓာကိုယ်လေး
များပင် တုန်ရီသွားရသည်...။အတန်ကြာသည်အထိ ကြားနေရဆဲဖြစ်သော...
အသံကြောင့်အိမ်တော်ထိန်း သည် ဒူးထောက်
လျက်သား ပုံစံဖြင့် တစ်ကိုယ်လုံး ကြိုးတုပ်ခံထား
ရသည့် အပြင်...ပါးစပ်တွင်ပါ..အဝတ်နှင့် စည်းခံ
ထားရသော ကောင်လေးတစ်ယောက်အား
တစ်ချက်ကြည့်ကာ အနောက်မှ ချုပ်ပေးထားသော
အစောင့်နှစ်ယောက် ကို ခေါင်းဆတ်ကာ အချက်ပြ
လိုက်သည်..။အိမ်တော်ထိန်း ၏ အချက်ပြမှုအဆုံး ကောင်လေး
သည် သူဘာဖြစ်မည်အား သိသည့်အလား အတင်း
ရုန်းကန်ကာ အော်ဟစ်အကူအညီ တောင်းရန်
ကြိုးစားသော်လည်း အဝတ်ဖြင့် စည်းနှောင်ထား
သည့် ပါးစပ်သည် ဝူးဝူးဝါးဝါး အသံသာ ဖြစ်စေ
သကဲ့သို့ နောက်မှ ချုပ်ထားသော အစောင့်
နှစ်ယောက်၏ အားကိုလည် မယှဉ်နိုင်...။အစောင့်နှစ်ယောက်သည် ထိုကောင်လေးအား
လွယ်လင့်တကူ ပင် ဆွဲမကာ အရာဝတ္ထု ကျကွဲ
သံများ ထွက်ပေါ်နေသော အခန်းထဲသို့ ပစ်ထည့်
လိုက်ကာ တံခါးကို ပြန်ပိတ်ထားလိုက်သည်..။အချိန်တစ်ခု ကြာပြီးနော်...။
အခန်းတံခါး ပွင့်လာကာ အမတ်ချုပ်ကြီး ထွက်လာ
လေသည်..။အမတ်ချုပ်ကြီး သည် လက်ထဲတွင်
ကိုင်ထားသော သွေးများ စိုနေသည့် ကြာပွတ်အား
ကြမ်းပြင်ပေါ်သို့ ပြစ်ချလိုက်သည်...။
YOU ARE READING
Hold My Hand And Be My Man [Completed]
Historical Fiction#(Zawgyi and Unicode) Welcome From My Second Fic..!!! ကိုယ်တော့် အချစ်က.... လိမ္မော်ရနံ့ သင်းသင်းနဲ့ ကလေးငယ်လေး... 🍊🍊 ကိုယ်တော့် အချစ်က.... လိမ္မော်ရနံ့ သင်းသင်းနဲ့ ကလေးငယ်လေး... 🍊🍊