Part-8

24.2K 3.2K 331
                                    

(Zawgyi)

Part-8
(ကိုယ့်​လက်​ကိုတွဲလို့...ကိုယ့်​လူဖြစ်​​ပေးပါ..!!..)

ခရမ်း​ဖျော့​ရောင်​ဝတ်​စုံအား....ဝတ်​ဆင်​ထားကာ..
ခါးစည်းကြိုး​နေရာတွင်​...ခရမ်းအရင့်​​ရောင်.....
ကိုသာ...အသုံးပြု...ထား​သော​ကြောင့်​...
ပိုင်​ယွင်​...၏...​သေးသွယ်​​သော...ခါး​လေးမှာ...
ဆွဲ​ဆောင်​မှု ရှိစွာ...​ပေါ်လွင်​​နေသည်​....

ရေတံခွန်​ ကဲ့သို့...
ပျော့​ပျောင်းနက်​ဖြာကာ...
စီးဆင်း​နေ​သော...ဆံနွယ်​များ...ကို...
ခရမ်း​ရောင်​ ​ကျောက်​စိမ်း...ဆံထိုးတစ်​​ချောင်း...
သုံးကာ...ရိုးရှင်းစွာ...
ပြင်​ဆင်​ထားသည်​ကပင်​...
လိုက်​ဖက်​လွန်း​နေ​လေသည်​....

ည​ကောင်းကင်​ယံ...၏...
ကြယ်​စု​ဝေး...​လေးကဲ့သို့...
တောက်​ပ​နေ​သော...အနက်​​ရောင်​...
မျက်​ဝန်းများ...ကလည်း...
ပိုင်​ယွင်​...၏...လျှို့ဝှက်​လက်​နက်​ပင်​..ဖြစ်​ကာ...
အကြည့်​ခံရသူအား...ရုန်းမထွက်​နိုင်​​အောင်​...
ငြို့ငင်​နိုင်​သည်​....

မျက်​ဝန်း...နက်​နက်​က​လေးများအား...
ဝန်းရံထား​သော...မျက်​​တောင်​ရှည်​ရှည်​...
က​လေးများမှာ...တစ်​ချက်​ခတ်​လိုက်​တိုင်း...
တစ်​ပါးသူအား...ထိခတ်​​တော့မည့်​နှယ်​...

နီ​ထွေး​သော...ပန်း​သွေး​ရောင်​နှုတ်​ခမ်း...
များမှာ....နို့နှစ်​​ရောင်​...အသားအရည်​...
ပေါ်တွင်​...ပနံသင့်​​နေကာ...အပြုံးနုနု...အား...
ချိတ်​ဆွဲထား​သေးသည်​...

သွယ်​လျ​သော...လက်​​ချောင်​​လေး...
များထဲတွင်​မူ...ပုံမှန်​အတိုင်းပင်​...
ယပ်​​တောင်​...တစ်​​ချောင်းအား..
ကိုင်​ဆောင်​ထားသည်​..

ပိုင်​သခင်​ကြီး...သားဖြစ်​သူသည်​..
မိမိ..၏..ချော​မောလှပလွန်း​​သော...
အ​မွေအား...ဆက်​ခံထားနိုင်​​သော​ကြောင့်​...
ဂုဏ်​ယူပြုံးကြီးအား...ပြုံးလိုက်​မိသည်​...

ပိုင်​ယွင်​...နီညို​ရောင်​နှင့်​​ရွှေ​ရောင်​...
စပ်​ထား​သော...ဝတ်​စုံဖြင့်​...ရဲရင့်​ခြင်း...
အ​ငွေ့အသက်​များ...ဝန်းရံကာ...
ခန့်​ညား​နေ​သော...ပိုင်​သခင်​ကြီး...
အား​သေချာကြည့်​လိုက်​ကာ....
လက်​မ​လေး..နှစ်​​ချောင်းလုံး​ထောင်​ပြကာ...
ပြောလိုက်​သည်​...

Hold My Hand And Be My Man [Completed]Where stories live. Discover now