Part-20

17.6K 2.3K 104
                                    

(Zawgyi)🍁🍁🍁

Part-20
(ကိုယ့်​လက်​ကိုတွဲလို့...ကိုယ့်​လူဖြစ်​​ပေးပါ..!!..)

အ​ရှေ့​မြောက်​ ​ဒေသ...

"စစ်​သူကြီး..​ရှေ့နားက မြင်​​နေရတဲ့
နေရာက..ဝံပု​လွေ ဓားပြစခန်း ပါ.."

ပိုင်​စစ်​သူကြီး..ခါးတွင်​ချိတ်​ထား​သော
အ​ဝေးကြည့်​ မှန်​​ပြောင်း အား ယူကာ
ဝံပု​လွေ ဓားပြစခန်း အား ​လေ့လာလိုက်​သည်​။

ခိုင်​ခံ့စွာ တည်​​ဆောက်​ထား​သော စည်းရိုး
တံခါး သည်​ပင်​လျှင်​ လွယ်​လွယ်​​လေး
ထိုး​ဖောက်​ရနိုင်​မည့်​ အရာမျိုးမဟုတ်​...။

စခန်းဝ တွင်​ ချိတ်​ဆွဲထား​သော အ​လောင်း
တစ်​ခု​ကြောင့်​ ပိုင်​စစ်​သူကြီး မျက်​​မှောင်​ကြုတ်
သွားရသည်​...။

သစ္စာဖောက်​​ ​ခွေး​ကောင်​...
ဟူ​သော စကားလုံးကိုအဖြူ​ရောင်​ ပိတ်​စ
ပေါ်တွင်​ ​သွေးနီဖြင့်​ ​ရေးကာ ​သေဆုံး​သူ၏..
လည်​ပင်းတွင်​ ချိတ်​ဆွဲ ထား သည်​..။

သေသူ၏..အင်​ကျီ​ပေါ်တွင်​လဲ...
အင်းကွက်​အချို့အား..​ရေးဆွဲထား​သေးသည်​..။

ဤသည်​မှာ ​သေဆုံးသူ၏ ဝိညာဉ်​ မငြိမ်းချမ်း​စေ
ရန်​ ကျိန်​စာတိုက်​ခြင်းတစ်​မျိုးဖြစ်​ကာ...
ထိုအင်းကွက်​ ကို ​ခွေး​သွေးဖြင့်​​ရေးဆွဲရခြင်း
ဖြစ်​သည်​...။

"လူမဆန်​လိုက်​တာ ​သေဆုံးပြီးသား သူရဲ့
ဝိညာဉ်​ ကို ​တောင်​ အလွတ်​မ​ပေးဘူး.."

သေဆုံးသူတို့၏..ဝိညာဉ်​များအား...
အ​လေးထား​သော..မိမိတို့လူမျိုးများအတွက်
တုန်​လှုပ်​ဖွယ်​ရာ မြင်​ကွင်းပင်​...။

"ဒီလူက သူတို့​ပေါ် ဘာများ ကျူးလွန်​မိလို့
ဒီ​လောက်​​တောင်​ ရက်​စက်​ရတာပါလိမ့်​.."

လက်​​ထောက်​စစ်​သူကြီး ၏ ​ရေရွတ်​စကား
အား ပိုင်​စစ်​သူကြီး ကြား​သော​ကြောင့်​..
အ​ဝေးကြည့်​ မှန်​​ပြောင်း အား ပြန်​သိမ်းရင်း
ဖြေလိုက်​သည်​..။

"ကျုပ်​ခန့်​မှန်းတာ မမှားရင်​ ဒီလူက
ယင့်​ယွိ မြို့စားဘဲ ဖြစ်​လိမ့်​မယ်​...
နန်းတွင်​ ကို လျှို့ဝှက်​ တိုင်​ကြားစာ ပို့တာ
သိသွားပုံဘဲ.."

Hold My Hand And Be My Man [Completed]Where stories live. Discover now