(Zawgyi)🍁🍁🍁🍁🍁
Part-62
(ကိုယ့်လက်ကိုတွဲလို့...ကိုယ့်လူဖြစ်ပေးပါ..!!..)ပိုင်အိမ်တော် ဝန်းထဲရှိ ဥယျာဉ်ထဲတွင်...
လီနိုင်ငံ၏ နံပါတ်တစ် စစ်သူရဲကောင်း...
နှစ်ဦးသည် သေရည်ကို အဖော်ပြုရင်း...
အထီးကျန်နေကြလေသည်...။နှစ်ယောက်လုံး သက်ပြင်းမောကို...
ချနေမိကြသော်လည်း မည်သူကမှ...
စကားစရန် စိတ်ကူးမရှိသောကြောင့်...
အနည်းငယ် တိတ်ဆိတ်နေလေသည်...။လီထိုက်ရန် အတွေးတစ်ခုလုံးသည်...
ယွင်အာ သာ စိုးမိုးနေရသည်..။ အဆိုးလေး
ကတော့ ဒီညအိပ်ပျော်မလား မသိသော်လည်း
လီထိုက်ရန် ကတော့ ဒီနေ့ အိပ်ရမည် မဟုတ်...။"ယွင်အာ ကို သေချာ စောင့်ရှောက်ပေးပါ...
အိမ်ရှေ့စံ..."ပိုင်စစ်သူကြီး ၏ စကားကြောင့်...
လီထိုက်ရန် ပိုင်စစ်သူကြီးကို ကြည့်
လိုက်မိသည်...။ ယွင်အာ တန်ဖိုးထား
သော ဖြစ်တည်မှုဖြစ်သည့် ထိုသူကို..
လီထိုက်ရန် အလေးထားသည်...။ပိုင်စစ်သူကြီး မပြောလျှင်ပင်...
ယွင်အာ ဆိုသည်မှာ လီထိုက်ရန်၏..
အသက်ဓာတ်လေးမို့ ကျိန်းသေပေါက်..
အထိအခိုက်မခံနိုင်...။လီထိုက်ရန် ခေါင်းငြိမ့်ကာ ပြန်ဖြေ
လိုက်သည်...။"ကိုယ်တော် အသက်ရှင်နေသ၍...
ယွင်အာ့ ကို ဘာထိခိုက်မှုမှ မဖြစ်စေရ
ဘူး..."ပိုင်စစ်သူကြီး မိမိရှေ့ရှိ အရှိန်အဝါ ကြီး
လွန်းသော အိမ်ရှေ့စံ မျက်ဝန်းများ ကို..
အကဲခတ်ကာ ကြည့်လိုက်သည်...။လေးနက်လွန်းသော မျက်ဝန်းများ က...
ပြတ်သားစွာ ဆုံးဖြတ်ထားပုံပင်...။"အမှန်တိုင်း ပြောရရင် ကျွန်တော်မျိုးက..
ယွင်အာ ကို နန်းတွင်းနဲ့ မပတ်သတ်စေချင်
ဘူး...။ ကျွန်တော်မျိုးတို့ ယွင်အာ က...
နန်းသွေးလဲ ပေးနိုင်မှာ မဟုတ်သလို...
ရှုပ်ထွေးတဲ့ အနောက်နန်းဆောင် အရေး
ကြောင့် ကျွန်တော်မျိုး ရဲ့ ရတနာလေး ထိခိုက်မိ
တာမျိုး မဖြစ်စေချင်ဘူး..။ အင်း..
ကျွန်တော်မျိုး သည်းခံနိုင်မှာလဲ မဟုတ်ဘူး..."ပိုင်စစ်သူကြီး ဆက်ပြောလိုက်သည်....။
"ကျွန်တော်မျိုးတို့ ပိုင်အိမ်တော်...
မျှော်လင့်တာက ယွင်အာ ပျော်နေဖို့ပါဘဲ...
ကျေးဇူးပြုပြီး ကျွန်တော်မျိုး တို့ ယွင်အာ
ကို ပိုဂရုစိုက်ပေးပါ..."
YOU ARE READING
Hold My Hand And Be My Man [Completed]
Historical Fiction#(Zawgyi and Unicode) Welcome From My Second Fic..!!! ကိုယ်တော့် အချစ်က.... လိမ္မော်ရနံ့ သင်းသင်းနဲ့ ကလေးငယ်လေး... 🍊🍊 ကိုယ်တော့် အချစ်က.... လိမ္မော်ရနံ့ သင်းသင်းနဲ့ ကလေးငယ်လေး... 🍊🍊