Part-61

14.1K 1.9K 268
                                    

(Zawgyi)🍁🍁🍁🍁🍁

Part-61
(ကိုယ့်​လက်​ကိုတွဲလို့...ကိုယ့်​လူဖြစ်​​ပေးပါ..!!..)

ဖန်းမြို့မှ ပြန်​လာပြီး​ထဲက အမတ်​ချုပ်​ကြီး
သည်​ မိန်​လိ့ ကို အခန်းထဲမှ အခန်းပြင်​ပင်​...
ထွက်​ခွင့်​မ​ပေး​တော့..။ တစ်​​နေ့တစ်​ခါ...
လာ​တွေ့​သော်​လည်း စကားတစ်​ခွန်းမှ..
တော့ မ​ပြော...။

မိမိကို ချုပ်​​နှောင်​ထားခြင်း ဖြစ်​​သော​ကြောင့်​..
မိန်​လိ့ ​ဒေါသထွက်​​နေရသည်​...။ အခန်းပြင်​တွင်
စောင့်​​နေ​သော သူများမှာလည်း အမတ်​ချုပ်​ကြီး
၏ သီးသန့်​သူများ ဖြစ်​​သော​ကြောင့်​ မိန်​လိ့...
ထိုသူများ​ပေါ် အာဏာ မသက်​​ရောက်​နိုင်​..။

မိန်​လိ့ စိတ်​အ​ခြေအ​နေတစ်​ခုလုံး...
အလွန်​ခါးသီး​နေ​​သော်​လည်း မိန်​လိ့..
တတ်​နိုင်​​သော အရာမရှိ..။

အရင်​​နေ့များဆိုပါက မိန်​လိ့ နှင့်​အတူ...
ထမင်းလာစား​လေ့ရှိ​သော်​လည်း..
ယ​နေ့တွင်​မူ ​နေပင်​​စောင်း​နေပြီ...
ဖြစ်​​သော်​လည်း တစ်​ချက်​မှ ​ပေါ်မလာ​သေး..။

မိန်​လိ့ လက်​သီးကိုသာ တင်းတင်းဆုပ်​ထား
လိုက်​မိသည်​...။

အခန်းတံခါး ပွင့်​သွားသည်​နှင့်​အတူ...
ဝင်​လာ​သော သူ​ကြောင့်​ ကြည့်​လိုက်​​တော့
အဝတ်​အိတ်​တစ်​ခုကို ​​ဘေးတစ်​ဖက်​တွင်​...
လွယ်​ထား​သော အိမ်​​တော်​ထိန်း..။

မိန်​လိ့ မျက်​​ခုံးတန်းတန်းများ တွန့်​​ကွေးသွားရသည်​။
အိမ်​​တော်​ထိန်းသည်​ မိန်​လိ့ ကို အရိုအ​သေ​ပေးကာ
ပြောလာသည်​..။

"သခင်​​မ​လေး.. ၊ နေ​စောင်းလို့မှ ပြန်​မလာ
ခဲ့ရင်​ အိမ်​​တော်​ကထွက်​သွားဖို့ အမတ်​ချုပ်​ကြီး
က အမိန့်​​ပေးထားပါတယ်​..။ ကျွန်​​တော်​မျိုး...
အထုပ်​အပိုး​တွေ အကုန်​ပြင်​ပြီးပါပြီ...။
အိမ်​​တော်​ အ​နောက်​ဘက်​မှာ မြင်းလှည်းပြင်
ထားပြီပါပြီ.. မြန်​မြန်​ ထွက်​ခွာရပါမယ်​...
သခင်​မ​လေး..."

အိမ်​​တော်​ထိန်းကြီးသည်​ ဆက်​​ပြောလာသည်​...။

"သခင်​မ​လေး အန္တရာယ်​ကင်းတဲ့ ​နေရာအထိ...
လိုက်​ပို့ပြီးမှ ကျွန်​​တော်​မျိုး လိုရာကိုသွားမှာပါ..
သခင်​မ​လေး..."

Hold My Hand And Be My Man [Completed]Место, где живут истории. Откройте их для себя