Part-42

14.2K 1.9K 123
                                    

(Zawgyi)🍁🍁🍁🍁🍁

Part-42
(ကိုယ့်​လက်​ကိုတွဲလို့...ကိုယ့်​လူဖြစ်​​ပေးပါ..!!..)

လီနိုင်​ငံ၊ တောအုပ်​ငယ်​​လေးထဲရှိ ​အိမ်​​သေး​သေး
လေးထဲတွင်​...

ပိုင်​ယွင်​ အိမ်​​လေးထဲတွင်​ ရှိ​သော အသား​ခြောက်
နှင့်​ ဟင်းအမယ်​ အချို့အား သုံးကာ မနက်စာ...
ချက်​ပြုတ်​​နေခြင်း ဖြစ်​သည်​..။ ဂျုံအချို့လည်း..
တွေ့​သော​ကြောင့်​ ​ခေါက်​ဆွဲတစ်​ပန်းကန်​ လုပ်​ရန်
ပိုင်​ယွင်​ စိတ်​ကူးမိသည်​..။

ပိုင်​ယွင်​ ဂျုံနယ်​ခြင်းတွင်​ အာရုံစိုက်​​နေစဉ်​...
ခါးထက်​ထက်​တွင်​ ရစ်​​ခွေလာ​သော လက်​တစ်​ဖက်
နှင့်​ ​ကျောပြင်​နှင့်​ ထိကပ်​လာ​သော ရင်​ခွင်​​...
နွေး​နွေး..။

တစ်​ဆက်​တည်း တွင်​ပင်​ ဆံပင်​များကို အ​ပြောင်
အကုန်​သိမ်းကာ ​ကျောက်​စိမ်းဆံထိုးသုံး၍ ထုံး
ထား​သော ​ကြောင့်​ ​ပေါ်လွင်​​နေ​သော ဂုတ်​သား
ဖြူဖြူ​လေး ​ပေါ်သို့ နှုတ်​ခမ်းများ ထိကပ်​လာ​သော
အိမ်​​ရှေ့စံ..။

"ယွင်​အာ အ​စောကြီး နိုး​နေတာလား.."

"ဟုတ်​တယ်​..​မနက်​စာ ပြင်​​ပေးမလို့..။
တွေးကြည့်​​တော့ ကျွန်​​တော်​..ခင်​ဗျားကို တစ်​ခါမှ
ဟင်းချက်​မ​ကျွေးဖူးဘူး​လေ.."

လီထိုက်​ရန်​ ချစ်​ရသူ​လေး၏ ကိုယ်​​လေးအား
ပိုတိုးကာသာ ဖက်​လိုက်​သည်​...။ ပြီးပြည့်​စုံစွာ
တွန့်​​ကွေး ​နေ​သော နှုတ်​ခမ်းများ က လီထိုက်​ရန်
၏ စိတ်​အ​ခြေအ​နေ ကို ရှင်းလင်းစွာ ​ဖော်​ပြ​နေ..
သည်​။

ထိုစဉ်​ ကြားလိုက်​ရ​သော ​လေချွန်​သံ သဲ့သဲ့
အဆုံး လီထိုက်​ရန်​ အပြုံးများ ​ပျောက်​ကွယ်
သွားရသည်​..။ သာမန်​သူများ ကြားနိုင်​မည်
မဟုတ်​​သော ​လေချွန်​သံ က ​သေချာ​လေ့ကျင့်
ထား​သော သူများသာ ကြားနိုင်​သည့်​ အသံမျိုး
ဖြစ်​သည်​...။

တမန်​​တော်​ နတ်​ဆိုး တပ်​များမှ အ​ရေးကြီး...
အ​ကြောင်းအရာ ရှိ​သောအချိန်​များတွင်​ အ​ကြောင်း
ကြား​သော အချက်​​ပေးမှုပင်​...။

Hold My Hand And Be My Man [Completed]Tahanan ng mga kuwento. Tumuklas ngayon