Part-24

16.7K 2.3K 181
                                    

(Zawgyi)🍁🍁🍁

Part-24
(ကိုယ့်​လက်​ကိုတွဲလို့...ကိုယ့်​လူဖြစ်​​ပေးပါ..!!..)

ပိုင်​ယွင်​..ပိုင်​သခင်​မကြီး ဆီသို့ ​ရောက်​​သောအခါ
တွေ့ရသည်​က ပိုင်​သခင်​မကြီးနှင့်​ စကား​ပြော
နေ​သော အိမ်​​ရှေ့စံ...။

အ​ရေးကြီးကိစ္စရှိသည်​ ဆို​ကာ ထွက်​သွား​သော
အိမ်​​ရှေ့စံ သည်​ ယခုမူ အနားယူရန်​ လုပ်​ထား​သော
အ​ဆောင်​ငယ်​​လေး တွင်​ ပိုင်​သခင်​မကြီး နှင့်​အတူ
စကားစမြည်​ ​ပြောရင်​ ​လက်​ဖက်​ရည်​ကြမ်း ​သောက်
နေ​လေသည်​...။

ပိုင်​ယွင်​ အနားသို့ ​ရောက်​​သောအခါ အိမ်​​ရှေ့စံ
သည်​ ညို့အား ပြင်း​သော ခဲ​ရောင်​ မျက်​ဝန်းများ
ဖြင့်​ ကြည့်​လာသကဲ့သို့ ပိုင်​သခင်​မကြီး သည်​လည်း
နွေး​ထွေး စွာ ပြုံးပြလာသည်​...။

ပိုင်​ယွင်​ ပိုင်​သခင်​မကြီး အနားတွင်​ ဝင်​ထိုင်​ လိုက်
သောအခါ မိမိ​ခေါင်း​လေးအား ခပ်​ဖွဖွ ပုတ်​​ပေး
လာ​သော ပိုင်​သခင်​မကြီး...။

"မား ရဲ့ ယွင်​အာ ​လေးအတွက်​...
မား စိတ်​ချပါပြီကွယ်​..​ရှေ့​လျောက်​ အိမ်​​ရှေ့စံ..
စကားကို နား​ထောင်​ ရမယ်​​နော်​..."

^^ဘာလား..!!..^^

"ကိုယ်​​တော်​ ယွင်​အာ ကို မျက်​နှာ​လေး
တစ်​ချက်​ ​တောင်​ မညိုးရ​အောင်
စောင့်​​ရှောက်​ပါ့မယ်​..ပိုင်​က​တော်​.."

^^ဟမ်​..!!..^^

"ကျွန်​မ တို့ ယွင်​အာ ​လေး​ပျော်​ရွှင်​​နေရင်​ကို
ကျွန်​မတို့ အတွက်​က ပြည့်​စုံပါပြီ..ကျွန်​မ..
အိမ်​​ရှေ့စံ ကို ယုံကြည်​ပါတယ်​ရှင်​.."

^^ဘာ​တွေ ယုံ​နေကြတာလဲ..^^

ပိုင်​ယွင်​ မိမိ အား အလယ်​တွင်​ထားကာ ..
အပြန်​အလှန်​ ​ပြော​နေကြ​သော ပိုင်​သခင်​မကြီး နှင့်
အိမ်​​ရှေ့စံ ​ကြောင့်​ ဟိုဘက်​ကြည့်​လိုက်
သည်​ဘက်​ကြည့်​လိုက်​ ဖြစ်​​နေရသည်​..။

ယခုအချိန်​တွင်​ ပိုင်​ယွင်​...
မိမိ ကိုယ်​ကို ဂြိုလ်​တစ်​ခု​ပေါ်သို့ ​ရောက်​သွား
သော ခပ်​​ချော​ချော ​​ကောင်​​လေး အဖြစ်​ခံစား
နေရသည်​...။

Hold My Hand And Be My Man [Completed]Where stories live. Discover now