Part-50

13.8K 2K 171
                                    

(Zawgyi)🍁🍁🍁🍁

Part-50
(ကိုယ့်​လက်​ကိုတွဲလို့...ကိုယ့်​လူဖြစ်​​ပေးပါ..!!..)

နီဝါ​ရောင်​ ​နေလုံးကြီးသည်​ တဖြည်းဖြည်း...
တိုးဝင်​​ပျောက်​ကွယ်​စ ပြုလာ​သော​ကြောင့်​...
ပတ်​ဝန်းကျင်​တွင်​ ​မှောင်​ရီသန်းစ ပြုလာ​လေပြီ။

ရန်​နိုင်​ငံ ၏ အဓိကနန်း​ဆောင်​ထဲတွင်​​တော့...
ရန်​နိုင်​ငံ၏ အရှင်​သခင်​နှင့်​ ဦးရီး​တော်​ သည်​...
ဆွေး​နွေးမှုများ ကြားနစ်​မြှုပ်​​နေဆဲပင်​...။

နိုင်​ငံသံတမန်​​ရေး ​ကြောင့်​ ဂရုစိုက်​ရမည့်
အရာများရှိသလို အနီးနား နိုင်​ငံငယ်​များကို
လည်း မျက်​​ချေမပြတ်​ ​စောင့်​ကြည့်​​နေရသည်​။

အင်​အားကြီး နိုင်​ငံနှစ်​ခု​ပေါင်းစည်းကာ...
ဖြိုခွင်းမလွယ်​​သော နဂါးတစ်​​ကောင်​...
ဖြစ်​လာမည့်​အ​ရေးကို မနှစ်​မြို့​သော သူများ
ကို သတိထား​နေရခြင်းပင်​...။

"အရှင်​ ​ကောင်းအမတ်​ချုပ်​ကြီး က...
နှစ်​နိုင်​ငံ ​ပေါင်းစည်း​ရခြင်းရဲ့ ရည်​ရွယ်​ချက်
ကို သိချင်​​ကြောင်း စာလွှာပို့ထားပါတယ်​.."

"​ကောင်းမွန်​တာ​တွေ ဖြစ်​လာ​စေချင်​ယုံ
ပါလို့ စာပြန်​လိုက်​ပါ ဦးရီး​တော်​.."

နှုတ်​ခမ်း တစ်​ဖက်​တွန့်​​ကွေးယုံ ပြုံးရင်း
ဖြေလာ​သော ရန်​အရှင်​ ၏ ပုံစံမှာ...
ဆွဲ​ဆောင်​မှု ရှိသည်​...။

ဓားသွားထက်​ထက်​နှင့်​တူ​သော မျက်​ခုံးများ
က အရှင်​သခင်​ တစ်​ပါး၏ အရှိန်​အဝါကို...
ဖော်​ပြ​နေကာ.. စူးရှလွန်း​သော မျက်​ဝန်းများ
က အကြည့်​ခံရသူအား လှုပ်​ရှားနိုင်​မှု ကင်းမဲ့
စေရန်​ လုပ်​နိုင်​စွမ်းသည်​...။

အမြဲတစ်​​စေ တင်းတင်း​စေ့ထား​သော...
နှုတ်​ခမ်းများက အပြုံးတစ်​ခုကို ဖြစ်​တည်
စေလိုက်​သည်​နှင့်​ ​သေချာသည်​ မြင်​ရသူသည်
အရှင်​သခင်​ ဆွဲ​ဆောင်​မှု တွင်​ကျရှုံးသွား​ချေ
ပြီ...။ ခြုံငုံ​ပြောရလျှင်​ ရန်​အရှင်​သည်​...
လှပလွန်း​သော ပန်းတစ်​ပွင့်​ လိုပင်​...။

Hold My Hand And Be My Man [Completed]Where stories live. Discover now