Part-36

15.3K 2.2K 169
                                    

(Zawgyi)🍁🍁🍁🍁

Part-36
(ကိုယ့်​လက်​ကိုတွဲလို့...ကိုယ့်​လူဖြစ်​​ပေးပါ..!!..)

ပိုင်​ယွင်​ လက်​ပတ်​ကြိုး​လေးတွင်​ အာရုံအပြည့်​အဝ
စိုက်​ထားခြင်း​ကြောင့်​ ပုံမှန်​ထက်​ ငြိမ်​သက်​လွန်း..
နေ​သော အိမ်​​ရှေ့စံ ၏ အပြုအမူ အား သတိမထား
မိ​ပေ...။

လက်​ပတ်​ကြိုး​လေး အား ဝတ်​ဆင်​မည့်​ သူနှင့်
လိုက်​ဖက်​​စေရန်​..ပိုင်​ယွင်​ ​ကျောက်​က​လေး..
များကို ​သေချာ​ရွေးချယ်​လာခဲ့ခြင်း ဖြစ်​သည်​..။

လက်​ပတ်​ကြိုး​လေး ၏ ပုံစံမှာ...
အရမ်းကြီးဆန်း မ​နေဘဲ..အရမ်းကြီး ရိုး​နေသည်
လဲ မဟုတ်​ရ​အောင်​..ပိုင်​ယွင်​ ဂရုစိုက်​​နေရသည်​။

အချိန်​တစ်​ခဏ ယူပြီး​နောက်​ ပိုင်​ယွင်​ စိတ်​ကူး
ထားသည့်​အတိုင်း လက်​ပတ်​ကြိုး ​ကောင်း​ကောင်း
လေး ထွက်​လာ​သော​ကြောင့်​ ပိုင်​ယွင်​ ​ကျေနပ်​သွား
ရသည်​...။

ပိုင်​ယွင်​ မိမိ ခါး​တွင်​ရှိ​သော အိမ်​​ရှေ့စံ ၏ လက်​...
တစ်​ဖက်​အား ယူကာ လက်​ပတ်​ကြိုး​လေး ပတ်​​ပေး
လိုက်​သည်​...။

"ယွင်​အာ..~.."

အသံ တိုးရှရှဖြင့်​ ဆိုလာ​သော အိမ်​​ရှေ့စံ..
ပွေ့ဖက်​ထားမှုကား ပိုကာတင်းကြပ်​လာ​သေးသည်​။

ပိုင်​ယွင်​ အိမ်​​ရှေ့စံ ၏ လက်​ပတ်​ကြိုးပတ်​ထား
သော လက်​တစ်​ဖက်​အား ကြည့်​ကာ 
ပြောလိုက်​သည်​...။

"ခင်​ဗျားနဲ့ လိုက်​တယ်​..​တော်​​သေးတာ​ပေါ့...
ခင်​ဗျား ကြိုက်​ရဲ့လား..."

"အင်း..ကိုယ်​​တော်​ အရမ်း သ​ဘောကျတယ်​..
ကျေးဇူးပါ ယွင်​အာ..ကိုယ်​​တော်​ အခု...
အရမ်း​ပျော်​ ​နေတယ်​.."

လီထိုက်​ရန်​ မိမိ လက်​ရှိ လက်​ပတ်​ကြိုး​လေး
ဆီမှ အကြည့်​မလွှဲ​ နိုင်​​တော့..။

ကျွန်​​တော့်​ ချစ်​သူ အတွက်​ ဆို​သော ယွင်​အာ
စကားသံ​လေး အား ပြန်​ကြား​ယောင်​​သော
အခါ..လီထိုက်​ရန် ယွင်​အာ ၏ ပုခုံးကျဉ်းကျဉ်း
လေး ​ပေါ်တွင်​ မျက်​နှာအပ်​လိုက်​သည်​..။

Hold My Hand And Be My Man [Completed]Where stories live. Discover now