Part-27

16.9K 2.4K 149
                                    

(Zawgyi)🍁🍁🍁🍁

Part-27
(ကိုယ့်​လက်​ကိုတွဲလို့...ကိုယ့်​လူဖြစ်​​ပေးပါ..!!..)

လီထိုက်​ရန်​..တစ်​​နေကုန်​ စိတ်​​လေး​နေ​သော
ကြောင့်​ ​ဖြေရှင်းစီမံရမည်​များ အား အမြန်​လက်​စ
သတ်​ကာ ပိုင်​အိမ်​​တော်​ သို့အမြန်​လာခဲ့သည်​..။

ပိုင်​အိမ်​​တော်​နှင့်​ နီး​လေ အလိုမကျဖြစ်​​လေ...
ဖြစ်​လာ​သော စိတ်​အ​ခြေအ​နေ​ကြောင့်​..
ပိုင်​အိမ်​​တော်​ သို့ ​ရောက်​သည်​နှင့်​ ​ခြေလှမ်းများ
ကို မြန်​နှုန်းမြှင့်​ကာ.ယွင်​အာ အ​ဆောင်​သို့ သာ
ဦးတည်​လိုက်​သည်​..။

လီထိုက်​ရန်​ ယွင်​အာ ဆီသို့​ရောက်​​သောအခါ
ကြုံ​တွေ့ရ​သော အ​ခြေအ​နေက လီထိုက်​ရန်
အား ​​သွေးဆာ ​စေသည်​...။

လီထိုက်​ရန်​ ယွင်​အာ အနားသို့ အမြန်​ပင်
ရောက်​သွားကာ ယွင်​အာ ကိုယ်​​လေးအား..
ထိခိုက်​ထားမှု ရှိမရှိ အရင်​စစ်​​ဆေးလိုက်​သည်​။
မည်​သည့်​ ဒဏ်​ရာမှ မရှိ​သော အခါတွင်​မှ..
လီထိုက်​ရန်​ သက်​ပြင်းချနိုင်​​တော့သည်​..။

လီထိုက်​ရန်​ မိမိအား တိုက်​ခိုက်​လာ​သော
လုပ်​ကြံသူ ၏ လည်​ပင်းအား စုတ်​ကိုင်​ကာ
အမှိုက်​တစ်​စ အား ပြစ်​လိုက်​သကဲ့သို့
လွှတ်​ပစ်​ လိုက်​သည်​...။

ပြန်​ထနိုင်​ခြင်း မရှိ​တော့​သော လုပ်​ကြံသူ
အား ကြည့်​ကာ ပိုင်​ယွင်​ စွံ့အ သွားရသည်​။

ဒါဘာသိုင်းလဲ အမှိုက်​ပစ်​ သိုင်းလား..!!..။

အနည်းဆုံး...​လေးငါးဆယ်​ကွက်​ ​လောက်
တိုက်​ကြဦးမည်​ဟု ထင်​ထားခဲ့​သော်​လည်း..
တစ်​ချက်​တည်း လွှတ်​ပစ်​လိုက်​ကာ...
ပြီးဆုံးသွား​လေသည်​..။

ပိုင်​ယွင်​ ခပ်​လှမ်းလှမ်း တွင်​ ပုံရက်​သား​လေး
လဲကျ​နေ​သော လုပ်​ကြံသူအား..မျက်​လုံးပြူး
လေးဖြင့်​သာ ကြည့်​နိုင်​​တော့သည်​...။

တစ်​ချက်​တည်း နဲ့ ​မှောက်​သွားရလား..
လုပ်​ကြံ​ရေး သမားကြီးရယ်​...
တကယ်​ကြီးလားကွာ..!!..။

အ​တွေးလွန်​​နေ​သော...
ပိုင်​ယွင်​ တစ်​ကိုယ်​လုံး လဲ အိမ်​​ရှေ့စံ ၏
ထွေး​ပွေ့မှုကြား ​ရောက်​​နေသည်​မှာ လှုပ်​၍ပင်
မရ​သော အ​ခြေအ​နေပင်​...။

Hold My Hand And Be My Man [Completed]Where stories live. Discover now