(Zawgyi)🍁🍁🍁🍁🍁
Part-38
(ကိုယ့်လက်ကိုတွဲလို့...ကိုယ့်လူဖြစ်ပေးပါ..!!..)ယင် အရှင့် အမိန့်အတိုင်း ကောင်းအိမ်တော်သို့
စောင့်ကြည့်နေခြင်းဖြစ်သည်..။ မိဖုရားကြီး သေဆုံး
မှုအတွက် အရှင်မင်းကြီးဆီ သို့ တရားမျှတမှုပေးရန်
စာလွှာ ပို့ပြီးသည့် နေမှစ၍ အမတ်ချုပ်ကြီး သည်..
နန်းတော်သို့ လုံးဝမလာတော့ဘဲ ကောင်းအိမ်တော်
တွင်သာ နေနေလေသည်။အမတ်ချုပ်ကြီး အိမ်တော်တစ်ခုလုံး မိဖုရားကြီး
ဈာပန ရှိသောကြောင့် အဖြူရောင်အပြင်အဆင်များ
ဖြင့် ပြည့်နေသည်။ အိမ်စေများမှ စ၍ သခင်များ...
အဆုံး အဖြူရောင် ပူးဆွေးမှုပြ ဝတ်စုံများကို...
ဝတ်ဆင်ထား ကြသည်။သို့သော် ယင် စိတ်ထဲတွင် ဘဝင်မကျဖြစ်နေ
စေသည်က..အခန်းတစ်ခုထဲ မှ တစ်နေကုန်
နေလေ့ရှိသော အမတ်ချုပ်ကြီး..။ယင် သတိထား စောင့်ကြည့်မှု
အရ ထိုအခန်း အတွင်းသို့ အမတ်ချုပ်ကြီးနှင့်
ကောင်းအိမ်တော်ထိန်း မှ လွဲ၍ မည်သူမှ မဝင်ရ..။
အမတ်ချုပ်ကြီး တစ်စုံတစ်ခု အား ကြံစည်နေ
သည်မှာ သေချာသည်..။ထို့ပြင်..အမတ်ချုပ်ကြီး ၏ မျက်နှာတွင်
စိုးရိမ်ပူပန်မှုများ မြင်ရသော်လည်း..ကြေကွဲ
ဝမ်းနည်းမှု အရိပ်အယောင် တော့ မရှိ..။အမတ်ချုပ်ကြီး သည် သွေးအေးသော်လည်း
မိဖုရားကြီး နှင့် ပတ်သတ်သော ကိစ္စများတွင်တော့ ထိုသို့မဟုတ်မှန်း ယင် ကောင်းစွာ သိသည်...။တစ်စတစ်စနှင့် ယင် ၏ သံသယများ...
ခိုင်မာ လာရသည်...။ယင် သံသယ ရှိသည်က
မိဖုရားကြီး ၏ သေဆုံးမှုသည် အစစ်အမှန်ရော
ဟုတ်ပါရဲ့လား..။ယင် ထိုကိစ္စအား အတည်ပြုရန်
အမတ်ချုပ်ကြီး အိမ်တော် အတွင်းသို့
ခိုးဝင်ရန် ကြံစည်ထားသည်။ထိုအခန်းတွင် ယင် ထင်နေသော...
သံသယများ ရှင်းလင်းသွားစေမည့် အဖြေ
တစ်ခု ရှိသည်ဟု ယင် ယုံကြည်သည်..။
YOU ARE READING
Hold My Hand And Be My Man [Completed]
Historical Fiction#(Zawgyi and Unicode) Welcome From My Second Fic..!!! ကိုယ်တော့် အချစ်က.... လိမ္မော်ရနံ့ သင်းသင်းနဲ့ ကလေးငယ်လေး... 🍊🍊 ကိုယ်တော့် အချစ်က.... လိမ္မော်ရနံ့ သင်းသင်းနဲ့ ကလေးငယ်လေး... 🍊🍊