Part-32

16.2K 2.2K 110
                                    

(Zawgyi)

Part-32
(ကိုယ့်​လက်​ကိုတွဲလို့...ကိုယ့်​လူဖြစ်​​ပေးပါ..!!..)

ကောင်းအမတ်​ချုပ်​ကြီး အိမ်​​တော်​...

ညဉ့်​နက်​​နေပြီ ဖြစ်​​သော်​လည်း အမတ်​ချုပ်​ကြီး
၏ စာကြည့်​​ဆောင်​ တွင်​​တော့ အလင်း​ရောင်
ရှိ​နေဆဲ..။

မိဖုရားကြီး ၏ စိတ်​လိုက်​မာန်​ပါမလုပ်​ မှုသည်
အမတ်​ချုပ်​ကြီး ​ကြိုတင်​ခန့်​မှန်းထားခဲ့ သလိုပင်
ကျဆုံးခဲ့သည်​..။ အကြံအစည်​ များလွန်း​သော
အိမ်​​ရှေ့စံ သည်​ ငြိမ်​ခံ​နေမည်​​တော့ မဟုတ်​။
တစ်​စုံတစ်​ရာ ကို ကျိန်း​သေ​ပေါက်​ တုန့်​ပြန်​မည်
သာ..။

အမတ်​ချုပ်​ကြီး မိဖုရားကြီး အန္တရာယ်
ကင်း ​စေ​ရေး အတွက်​ ​ခေါင်းခဲ ​နေရသည်​...။

ဉာဏ်​များ​ကောက်​ကျစ်​ ​သော...
အိမ်​​ရှေ့စံ အား လှည့်​စားနိုင်​မည့်​ အကြံအစည်
မျိုး အမတ်​ချုပ်​ကြီး တွင်​ မရှိ..။

အခုချိန်​တွင်​ အမတ်​ချုပ်​ကြီး ရင်​တစ်​ခုလုံး
ပူ​လောင်​ကာ ဘဝတွင်​ ပထမဆုံး ကူရာမဲ့​နေ
သလို ခံစား​နေရသည်​...။

အမတ်​ချုပ်​ကြီး ဘယ်​နှစ်​ကြိမ်​​မြောက်​မှန်း...
မသိ​သော သက်​ပြင်း​မော ကိုချလိုက်​မိသည်​။

"အမတ်​ချုပ်​ကြီး..လက်​ဖက်​ရည်​ လာပို့တာပါ.."

အမတ်​ချုပ်​ကြီး အိမ်​​တော်​ထိန်း ၏ အသံကြား
သောအခါမှ အ​တွေးများမှ နိုးထလာရသည်​။
လက်​ထဲတွင်​ ကိုင်​ထား​သော ဖတ်​လက်​စ..
စာအုပ်​ကို ချလိုက်​ကာ...။

"ဝင်​ခဲ့..."

အမတ်​ချုပ်​ကြီး စကားသံ အဆုံး အခန်းတံခါး
ပွင့်​သွားကာ လက်​ဖက်​ရည်​ အိုး​လေးနှင့်​ ခွက်​​လေး
တင်​ထား​သော ဗန်း​လေးကိုင်​ကာ ဝင်​လာ​သော
အိမ်​​တော်​ထိန်း...။

အမတ်​ချုပ်​ကြီး အား ဦးညွတ်​အရိုအ​သေပြုကာ
အမတ်​ချုပ်​ကြီး ​ရှေ့ရှိ စားပွဲ​ပေါ် တွင်​....
ဗန်းအား တင်​လိုက်​သည်​...။

"အမတ်​ချုပ်​ကြီး ညဉ့်​နက်​​နေပြီ...
အိပ်​မ​ပျော်​ဘူးလား ကျွန်​​တော်​မျိုး တစ်​ခုခု
စီစဉ်​​ပေး ရမလား..."

Hold My Hand And Be My Man [Completed]Où les histoires vivent. Découvrez maintenant