(Zawgyi)
Part-16
(ကိုယ့်လက်ကိုတွဲလို့...ကိုယ့်လူဖြစ်ပေးပါ..!!..)တိုင်ဖွန် မြို့၏..လူသူစည်ကားလွန်းသော..
ဈေး..လမ်းမပေါ်တွင်..."အိမ်ရှေ့စံ...တကယ်ဘဲ..
ယွင်အာ..လေး..ကြည့်သမျှကို
ဝယ်ပေးမှာလားဟင်..!!.."လီထိုက်ရန်..ယွင်အာ..၏..
မိမိ..ကိုယ်ကိုယ်..ယွင်အာလေး..ဟု..
နာမ်စား..သုံးလာမှုကြောင့် မျက်ခုံးများပင့်သွားရကာ
ခဲရောင်..မျက်စံများပါ..လှုပ်ခတ်သွား ရသည်။လီထိုက်ရန်..ကောင်းစွာသိသည်..။
မိမိ..ယွင်အာ..သည်..မဟုတ်မဟတ်..
ကြံစည်နေပေပြီ..။လီထိုက်ရန်...ယွင်အာ..၏...
မျက်ဝန်း..နက်နက်လေးများ..ထဲသို့ ...
စိုက်ကြည့်ကာ..အဖြေရှာလိုက်မိသည်..။
ကြယ်စုဝေးကြီး ကဲ့သို့..တောက်ပလွန်းနေသော..
မျက်ဝန်း..တစ်စုံမှာ..ကြည်လင်နေကာ..
မည်သည့်အရိပ်အယောင်မှ..ရှာမရပေ..။လီထိုက်ရန်...သက်ပြင်းသာ..ချမိသည်..။
ယွင်အာ..၏..အနက်ရောင်..မျက်ဝန်းများသည်
လီထိုက်ရန်..အတွက်..အရာအားလုံး...
လိုက်လျောကာ..အရှုံးပေးချင်သည်အထိ..
စွမ်းဆောင်..နိုင်သည်...။လီထိုက်ရန်...
အလိုက်သင့်ပင်..ပြန်ဖြေလိုက်သည်..။"အင်း..!.ဝယ်ပေးမယ်.."
လီထိုက်ရန်..မိမိ..စကားဆုံးသည်နှင့်...
ရုတ်တရက် ပြေးထွက်သွားသော..
ယွင်အာ..ကြောင့်..တစ်ခဏ..
ကြောင်အ..သွားမိသည်..။လီထိုက်ရန်..
အသိပြန်ဝင်လာသော..အချိန်တွင်..
ယွင်အာ..သည်..ပန်းသုံးပွင့်...
ဆောင်ကြာမြိုင် ၏..တံခါးဝ..ပင်..
ရောက်နေပြီ..ဖြစ်သည်..။"ယွင်.အာ..!!.."
လီထိုက်ရန်..သွေးများအားလုံး...
ဆူပွက်လာရသလိုပင်..ခံစားလိုက်ရသည်..။
လီထိုက်ရန်..တစ်ကိုယ်လုံး..ပျံ့ နှံ့  လာသော..
လူသတ်ချင်..စိတ်များအား..ထိန်းမရတော့ပေ..။ဆောင်ကြာမြိုင်..တံခါးပေါက်အား...
ယွင်အာ..ဖြတ်ကျော်လိုက်ပါက..
လီထိုက်ရန်..ကျိန်ဆိုသည်...
ထိုဆောင်ကြာမြိုင်အား...မီးရှို့ပြစ်မည်..။
ယွင်အာ..ကိုလည်း..နယ်စပ်ဒေသ သို့..
ခေါ်သွားကာ..သံကြိုးခတ်ကာ..တစ်သက်လုံး
ဖမ်းထားမည်...။
YOU ARE READING
Hold My Hand And Be My Man [Completed]
Historical Fiction#(Zawgyi and Unicode) Welcome From My Second Fic..!!! ကိုယ်တော့် အချစ်က.... လိမ္မော်ရနံ့ သင်းသင်းနဲ့ ကလေးငယ်လေး... 🍊🍊 ကိုယ်တော့် အချစ်က.... လိမ္မော်ရနံ့ သင်းသင်းနဲ့ ကလေးငယ်လေး... 🍊🍊