(Zawgyi)🍁🍁🍁🍁🍁
Part-49
(ကိုယ့်လက်ကိုတွဲ့လို့...ကိုယ့်လူဖြစ်ပေးပါ..!!..)ယင် အရှင့် အဆောင်မှ ပြန်လာခဲ့သည်..။
မီးအလင်းရောင် တွေ့လိုက်ရသော မိမိအခန်း
ကြောင့် သက်ပြင်းသာချမိသည်..။ ရှင်း ရောက်
နေပြန်ပြီထင်...။ယင် အခန်းတံခါးသို့ တွန်းဖွင့်ကာ ဝင်လိုက်
သည်နှင့် ရင်ခွင်တစ်ခုအတွင်းတွင် ထွေးဖက်ခံ
လိုက်ရတော့သည်..။ နေ့စဉ်ကြုံတွေ့နေရသော ကိစ္စဖြစ်သောကြောင့်
ယင် အသားကျနေပြီ ဖြစ်သည်..။ ထိုကြောင့်
ရှင်း ၏ ထွေးပွေ့မှုကြား ငြိမ်ငြိမ်လေး နေနေ
ပေးလိုက်သည်...။"ရှင်း.. ဒီနေ့ စစ်ရေးကွပ်ကဲဖို့ ရှိတယ်
မဟုတ်ဘူးလား..။ ဘယ်လိုလုပ် ဒီကို
ရောက် နေတာလဲ...""ကိုယ်က ကိုယ့်အနက်လုံးလေး ကို
လွမ်းလို့ မျက်နှာလေး လာကြည့်တာ...""အာ... မနက်က တွေ့ပြီးပြီလေ.."
ယင့် အပြောအား ဂရုမစိုက်သော ရှင်း ကတော့
အခွင့်အရေး အား လက်လွတ်မခံသူပီပီ ယင် ၏
လည်ပင်းနှင့် ပုခုံးနေရာ စပ်ကြားတွင် ခေါင်းအပ်
ကာ အလုပ်များနေလေသည်..။"အ့..ရှင်း..!!..မကိုက်နဲ့လေ.."
ယင် မိမိ လည်ပင်းထောင့်စွန်းအား
ငုံခဲထားသော ရှင်း ကြောင့် နာသွားရသည်။
အကျင့်ပါ နေသော လက်များ၏ အလိုအလျောက်
တုန့်ပြန်မှုကြောင့် တွန်းထုတ်လိုက်မိသည်..။လက်မှာ အနည်းငယ် အားပါ သွားရသည်။
ထို့ကြောင့် ရှင်း တစ်ယောက် အနောက် သို့
ခြေနှစ်လှမ်းခန့် ဆုတ်သွားရသည်..။ဘာမှမပြောတော့ဘဲ ခေါင်းငုံ့ကာ နေနေသော
ရှင်း ကြောင့်.. ယင် အနည်းငယ် အားနာသွား
ရ သည်..။ ယင် မရည်ရွယ်သော်လည်း
တိုက်ခိုက်မှုများတွင် အသားကျနေသော
မိမိ ၏ အပြုအမူ များက မညင်သာ..။
YOU ARE READING
Hold My Hand And Be My Man [Completed]
Historical Fiction#(Zawgyi and Unicode) Welcome From My Second Fic..!!! ကိုယ်တော့် အချစ်က.... လိမ္မော်ရနံ့ သင်းသင်းနဲ့ ကလေးငယ်လေး... 🍊🍊 ကိုယ်တော့် အချစ်က.... လိမ္မော်ရနံ့ သင်းသင်းနဲ့ ကလေးငယ်လေး... 🍊🍊