ချစ်နေရုံသာ... (5)

794 62 2
                                    

ချစ်နေရုံသာ....(5)

ရောင်ငယ် အိမ်ပြန်ရောက်တော့ အိပ်ခန်းထဲသာ တန်းသွားလိုက်သည်
သူ အခုချိန်မှာ ငိုချင်တာပဲ သိတယ်  ရှိုင်းလည်း ကို့ကို ချစ်လောက်ပါတယ် ဆိုတဲ့ စိတ်ကူးသေးသေးလေးနဲ့ ပါးပါးတို့ ပြောတဲ့ ကိစ္စကို သူလက်ခံခဲ့တာ
ပြီးတော့ ရှိုင်းကို မပြောခိုင်းသေးဘဲ အချိန်တစ်ခု ကြာမှ
သူကိုယ်တိုင် ဖွင့်ပြောချင်ခဲ့တယ်
ဒါပေမယ့် အခုတော့ သူ့မျှော်လင့်ချက်တွေ အကုန် ရေစုန်မျောသွားပြီ
ချစ်ရသူမှာ ချစ်ရမယ့်သူ ရှိနေပြီတဲ့လား
ဒီတော့လည်း သူ့မှာ နောက်ဆုတ် ပေးဖို့ကလွဲလို့ ဘာများတတ်နိုင်ဦးလဲ
ချစ်ရသူ စိတ်ချမ်းသာဖို့ နှလုံးသားကို စတေးလိုက်ရုံပါပဲ
တန်ရလားလို့ လာမမေးနဲ့ ချစ်ရသူ ပျော်ရွှင်ဖို့ အတွက်ဆို ကို့အသက်ကို ပေးရမယ်ဆိုရင်တောင် တန်ပါတယ်

တီလေးတော့ ဖမ်းဆွဲထားခိုင်းတယ်
ဒါပေမယ့် အတင်းဖမ်းဆွဲပြီး ချစ်ရသူရဲ့ အမုန်းနဲ့ သူစိတ်ဆင်းရဲတာကို ကြည့်နေမယ့်အစား
အဝေးကနေပဲ တိတ်တဆိတ်နဲ့ ခံစားချက်တွေ မျိုသိပ်ထားရင်း သူပျော်ရွှင်တာကိုပဲ ထိုင်ကြည့်နေတော့မယ်
သူပျော်ရင် ကိုနာကျင်ရပေမယ့်လဲ ပြုံးနိုင်ပါတယ်

ရောက်ကတည်းက သူအခန်းထဲမှာ ငိုနေချင်း မေမေက ညစာစားဖို့ လာခေါ်ပေမယ့် စားချင်စိတ်မရှိ၍ မစားမိ
သူ့မျက်လုံးထဲ မြင်နေတာက ပန်းချီကို ချစ်တဲ့အကြောင်း ပြောရင်း မျက်ဝန်းထဲကနေတောင် အပျော်တွေ လျှံထွက်နေတဲ့ ရှိုင်းရဲ့ ပုံရိပ်
ကျေနပ်ပါတယ် သူ့နှလုံးသားကို စတေးလိုက်ရပေမယ့်
ရှိုင်းက ပျော်နေတယ်လေ

တစ်ကယ်တော့ ဘာမှ မစတေးလိုက်ရပါဘူး
သူနဲ့ရှိုင်းက ချစ်ခဲ့ပြီးမှ လမ်းခွဲခဲ့ကြတာမှ မဟုတ်တာ
တစ်ကယ်ဆို သူ့ဘက်ကသာ တစ်ဖက်သက် ဖြစ်ခဲ့တာလေ ရှိုင်းက သူချစ်တာကိုတောင် သိခဲ့တာမှ မဟုတ်တာ

အတွေးတွေ အားလုံးကို ခေါင်းထဲက ထုတ်လိုက်ကာ ရေချိုးခေါင်းလျှော်ပြီး laptop သုံးနေတုံးလေး

"ဒေါက်.... ဒေါက်.. "
"ဘယ်သူလဲ.... "
"ရောင်ငယ် တံခါးဖွင့်ပေးဦး.. .... "

တခြားသးဆို အိပ်တော့မယ်လို့ ပြောလွှတ်ဖို့ ပြင်ထားတဲ့ ရောင်ငယ်တစ်ယောက် ရှိုင်းရဲ့ အသံကြောင့် သုံးနေတဲ့ laptop ကို ဘေးချပြီး တံခါးသွားဖွင့်လိုက်သည်

ချစ်နေရုံသာ.... Where stories live. Discover now