ချစ်နေရုံသာ. (9)

896 65 10
                                    

ချစ်နေရုံသာ.... (9)

ရှိုင်း...... သူရေချိုးခန်းထဲက ထွက်လာတော့ ရောင်ငယ့်ကို မတွေ့ရတော့
လူတင်မဟုတ် luggage ပါ မတွေ့ရတော့တာ
မဟုတ်မှ..... ထွက်သွားတာတော့ မဟုတ်လောက်ပါဘူး....

တစ်ခန်းလုံး ရောင်ငယ်နဲ့ ပက်သတ်တဲ့အရာ ဘာတစ်ခုမှ မတွေ့တော့
ကောင်းကောင်း လှုပ်ရှားနိုင်မှာလဲ မဟုတ်ဘဲနဲ့ ...
ဘယ်လိုတောင် သိမ်းစည်းပြီး ထွက်သွားရတာလဲ

လူက တစ်ကယ်ကို ထူပူသွားတာ
နိုးလာတုံးက အံ့သြတာရော ထင်မှတ် မထားတာရောကြောင့် ပူထူပြီး ပြောချင်ရာ ပြောမိပေမယ့်
သွေးအေးသွားတဲ့ အချိန် ပြန်စဉ်းစားကြည့်မှ
လွန်သွားမှန်း သိတော့သည်

နောင်တဆိုတာ နောင်မှတတာတဲ့
အမှားကို သိလိုက်တဲ့အချိန်မှာ သူက ထွက်သွားခဲ့ပြီ
မနေ့က ကိစ္စကြောင့် လမ်းတောင် ကောင်းကောင်း လျှောက်နိုင်မှာ
မဟုတ်တဲ့လူက ဘယ်လိုတောင် ထွက်သွားနိုင်တာလဲ

ပန်းချီသိမလား မေးကြည့်တော့ သူမလည်း မသိဘူးတဲ့
reception ကို မေးကြည့်တော့ အခန်းခရှင်းကာ ထွက်သွားပြီတဲ့

သူလည်း ပန်းချီ့ကို ခေါ်ကာ ရန်ကုန်ကို ပြန်လာတော့သည်
ရန်ကုန် ရောက်ရောက်ချင်း ရောင်ငယ်တို့ အိမ်ကို အရင်သွားပေမယ့်
တွေ့ချင်တဲ့လူက အိမ်မှာ မရှိတော့....

"သားငယ်က အလောတကြီး ပြန်လာပြီး ပြန်ထွက်သွားပြီ" ဆိုတဲ့ အန်တီခင်နွယ်ရဲ့ စကားကသာ သူ့ရင်ထဲ ကြီးစိုးနေသည်

ရောင်ငယ့် အခန်းထဲ သူဝင်ကြည့်မိသည်
ဘာမှ မရှိတဲ့ အခန်းလွတ်ကြီးကသာ သူ့ကို ကြိုဆိုလျက်
ပြီးတော့ ကုတင်ပေါ်က စာလေးတစ်ဆောင်

~ ရှိုင်း အခုလောက်ဆို မင်းလည်း~ ငါ့စာကို ဖတ်နလောက်ပြီပေါ့
တောင်းပန်ပါတယ်... အရာအားလုံး အတွက်...... အခု ငါက မင်းနဲ့ အဝေးဆုံးကို~ ထွက်သွားတော့မှာ ဆိုတော့..... နောက်ဆုံး အနေနဲ့ ~ငါပြောချင်တာတွေကို... ဒီစာလေးနဲ့ ပြောခဲ့ချင်တယ်
ငါ..... မင်းကို ချစ်တယ် ရှိုင်း~..... ဒါဟာ.... အပြစ်တစ်ခုလို ဖြစ်နေရင်လည်း ငါကျေနပ်ပါတယ်
ငါ့ရှေ့မှာ သူမကို ဂရုစိုက်ပြနေတဲ့ မင်းရဲ့ ပုံရိပ်ကို ထိုင်ကြည့်နေရတာ ~ငါ့ရင်ကို ခွဲနေတဲ့အတိုင်းပဲ နာကျင်ရတယ်
ငါနဲ့ပက်သက်တဲ့ အရာအားလုံးကို မေ့သွားတဲ့ မင်းကို ငါအပြစ်ပြောလို့တော့ ဘယ်ရမလဲနော်.... လူဆိုတာ မေ့တတ်တဲ့ လူတွေပဲကို....
ချောင်းသာမှာ ဖြစ်တဲ့ကိစ္စ~ တစ်ကယ်ပဲ ငါလုပ်တာ မဟုတ်ပါဘူး
ဒါပေမယ့် မင်းက ငါလုပ်တယ်လို့ ထင်ရင်တော့~ ငါလုပ်တာလို့ပဲ ထားလိုက်ပါ နှုတ်ဆက်ခဲ့ပါတယ်..... ~

ချစ်နေရုံသာ.... حيث تعيش القصص. اكتشف الآن