(19)

967 66 4
                                    

ချစ်နေရုံသာ ( 19 )

စီးပွားရေး လောကရဲ့ ဘုရင်ကြီး ရှိုင်းဆက်ပိုင်နဲ့ Jade ရဲ့ CEO လရောင်ငယ်တို့ လက်ထပ်လိုက် ကြတဲ့ သတင်းက တလောကလုံးကို လှုပ်ခတ်သွားစေသည် ။ ထို့ထက် သူတို့ နှစ်ယောက်ရဲ့ သားလေး ဆက်ရောင်ပိုင် ရဲ့ ဖြစ်တည်မှုက အံ့သြမှုကို အလုံအလောက် ပေးစွမ်းနိုင်ခဲ့သည် ။

အခုဆို သူတို့ မိသားစုလေးက ပျော်ရွှင် အေးချမ်းတဲ့ နေ့ရက်တွေနဲ့ အတူ ဘဝကို ဖြတ်သန်းနေကြပြီ ။ နှစ်ယောက်သား ကိုချစ်တဲ့ လူရဲ့ လက်ကို တွဲကာ ဖြစ်လာသမျှ အရာ အားလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်ကြသည် ။

ကြံ့ကြံ့ခံ ရင်ဆိုင်သည် ဆိုရာဝယ် ဖြစ်လာသမျှ အရာအားလုံးကို ရှိုင်းက သူ့မိသားစုစီ အရောက်မခံဘဲ သူတစ်ယောက်ထဲ ဖြေရှင်းသည်။ သူချစ်ရတဲ့ လူသားလေးကို ဘယ်အရာကြောင့်မှ စိတ်ထိခိုကတာ မဖြစ်စေရ ။

သူပေးခဲ့တဲ့ ဒုက္ခ တွေနဲ့တင် ငယ့်အတွက် လုံလောက်တာထက် ပိုခဲ့သည်လေ ။ နောက်ထပ် ဘယ်လို အရာမျိုး ကြောင့်နဲ့မှ ငယ့်ကို ထပ်ပြီး မနာကျင်စေချင် ။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်လာတဲ့ ချီးမွမ်း ကဲ့ရဲ့ စကားမှန်သမျှကို သူကပဲ ရှေ့ကနေ ဖြေရှင်းပေးမည် ။ ငယ့်စီကို အပ်တိုလေး ကျတာတောင် မသိစေရ ။

" ငယ်ရေ ...... ငယ် ဘယ်မှာလဲ "

ရှိုင်းတို့အိမ်လေးရဲ့ မနက်ခင်း အသံက ရှိုင်းရဲ့ သူ့လူသား ပျောက်လို့ လိုက်ရှာတဲ့ အသံနဲ့ စတင်သည် ။

အိပ်ရာနိုးနိုးချင်း ဘေးကို စမ်းကြည့်တော့ ငယ် မရှိတာမို့ လူက ထူပူသွားသည် ။ ဒီနေ့ ရုံးပိတ်ရက် ဖြစ်တာကြောင့် အိပ်ရာကနေ စောစောထစရာလည်း မလိုဘူးလေ ။

ရေချိုးခန်း ထဲရော သားအခန်းထဲရော ဘယ်မှာမှ ရှာမတွေ့တာကြောင့် စိုးရိမ်စိတ်တို့က မိုးထိနေပြီ ။ အောက်ထပ်ကို သွားကာ ငယ့်နာမည် တစ်ကြော်ကြော် အော်ရင်း ရှာရတော့သည် ။

" ငယ်ရေ  ငယ် ကို့ကို မခြောက်နဲ့ကွာ ငယ်ဘယ်မှာလဲ "

" အစ်ကို ဘာဖြစ်လို့လဲ ကျွန်တော် ဒီမှာ "

မီးဖိုချောင် ထဲကနေ အသံကြားရတာကြောင့် သွားလိုက်တော့ အေပရွန် ဝတ်ကာ မနက်စာ ပြင်နေတဲ့ ငယ့်ကို တွေ့လိုက်ရတော့ မနေနိုင်စွာပင် အနောက်ကနေ သိုင်းဖက်လိုက်သည်။

ချစ်နေရုံသာ.... Where stories live. Discover now