ချစ်နေရုံသာ.. (12)

972 70 29
                                    

ချစ်နေရုံသာ... (12)

"ကိုရှိုင်းဆတ်ပိုင်  ကျွန်တော့်ကို ဘာများ မေးစရာ ရှိလို့လဲ"

" ကိုမေးရင် မင်း အမှန်တိုင်း ဖြေပေးမလား"

"မေးကြည့်လေ ဖြေလ်ို့ရရင် ဖြေပေးမှာပေါ့ "

"သားငယ်က ကို့ရဲ့ သားလေးလား"

သားငယ်အကြောင်း မေးလိုက်တော့ ရောင်ငယ်က သူ့ကို ပြုံးကြည့်လာသည်
ဒါပေမယ့် ဖြူစင်တဲ့ အပြုံးမျိုးတော့ မဟုတ်
မဲ့ပြုံး.....
အဲ့အပြုံးထဲမှာ ထီမထင်ဟန်တွေက အတိုင်းသား
ဘယ်လို ဖြေစေချင်လဲလို့ မေးနေသယောင် အကြည့်တွေက အနေရခက်စေသည်

" ကိုရှိုင်းဆတ်ပိုင်က ဘယ်လိုဖြေစေချင်လို့လဲ ပြီးတော့ ဘာလ်ို့ ဒီအကြောင်းကို သိချင်ရတာလဲ"

" ကို အမှန်တိုင်း သိချင်တယ် ရောင်ငယ် တစ်ကယ်လ်ို့ ကို့သားလေးသာဆို သားလေးကို ခေါ်ပြီး မိစုံဖစုံနဲ့ နေရအောင် ကိုလုပ်ပေးချင်တယ်"

" မိစုံဖစုံ ဘယ်လိုမျိုးလဲ .... "

"သားလေးကို ကို့ကို ပေးလိုက်ပါ .... ပြီးရင် ကိုနဲ့ ပန်းချီက သားလေးကို စောင့်ရှောက်မယ် မိဘမေတ္တာ အပြည့်ပေးမယ် သားလေးဘဝ ပြည့်စုံဖို့အတွက် ကိုတာဝန်ယူတယ် "

"ဟား.... ပြောတတ်လိုက်တာ..... သားကို ဖအေအရင်း ဖြစ်တဲ့ ကျွန်တော့်စီက ဆွဲထုတ်သွားချင်တာလား
ကျွန်တော့်သားကို တခြားမိန်းမ တစ်ယောက်စီ ထည့်ပေးရအောင်အထိ ကျွနိတော် ခများလောက် အသည်းမမာဘူး ကိုရှိုင်းဆတ်ပိုင် ပြီးတော့ သားကလည်း ခများရဲ့သား မဟုတ်ပါဘူး စိတ်မပူပါနဲ့ ခများဇနီးနဲ့ ခများ အေးအေးဆေးဆေးသာ နေပါ သားက ခများနဲ့ လုံးဝမပက်သက်ပါဘူး"

"မင်းလိမ်တာ..... "

" ကျွန်တော်က ခများကို ဘာလို့လိမ်ရမှာလဲ ပြောကြည့်ပါဦး"

"ရောင်ငယ် မင်းအကြောင်းကို ကိုအသိဆုံးပါ မင်းလိမ်ရင် ဘယ်လိုဆိုတာ ကိုမသိဘဲနေမလား"

"ဟားဟား ခများက... ခမျက ကျွန်တော့်အကြောင်းကို အသိဆုံး ဟုတ်လား .....
ရယ်စရာတွေ သိပ်ပြောတတ်ပါလား ရှိုင်းဆတ်ပိုင် ရယ် .....
မှားတယ် ခများ ကျွန်တော့်အကြောင်း ဘာမှ မသိပါဘူး.... ခများသာ ကျွန်တော့်အကြောင်း တစ်ကယ်သိတယ်ဆို ဒီနေ့လို ကိစ္စတွေက ဖြစ်လာမှာကို မဟုတ်ဘူး "

ချစ်နေရုံသာ.... Dove le storie prendono vita. Scoprilo ora