ချစ်နေရုံသာ.... (1)

2.2K 82 3
                                    

"Ring..... Ring"
ဖုန်းသံကြားလို့ နာရီကြည့်လိုက်တော့ မနက် ၆နာရီခွဲ ရောင်ငယ် ပြုံးမိတယ် သူအမြဲတမ်း အချိန်မှန်တယ်

'Hello.. .. '
"ရောင်ငယ် ထတော့နော် ကျောင်းသွားရဦးမယ် အိပ်ပုပ်ကြီး မနေနဲ့နော်ရ"
"အင်းပါ ရှိုင်းရ ငါထပါပြီ "

ကျွန်တော်ရဲ့ မနက်ခင်းက သူ့အသံနဲ့ အစပြုတယ်လေ
ကျွန်တော့်နာမည်က လရောင်ငယ် ကျွန်တော်က Dagon Universityမှာ E-major တက်နေတာ

ကျွန်တော့်ဖေဖေက Jade Fashion&Design company က CEO
မေမေက အမွေခံလေ နှစ်မွေခံဆိုတော့ တော်တော်တော့ ချမ်းသာတယ်

သူ့နာမည်က ရှိုင်းဆက်ပိုင် သူနဲ့ စတွေ့တာက
ကျောင်းတွေ ဖွင့်တော့ ကျွန်တော်က ကျောင်းပြောင်းနဲ့မို့ နောက်ကျမှ ရောက်တာလေ

ကျောင်းရောက်တဲ့နေ့ နေရမယ့်အခန်း ရှာမတွေ့တဲ့ ကျွန်တော့်ကို သူပဲ ကူညီပေးခဲ့တာ
သူနဲ့ ခင်လာတာ အခုဆို သုံးနှစ်ရှိပြီ

သူက ကျွန်တော့်ထက် နှစ်နှစ်ကြီးတယ် သူက ဆယ်တန်းမှာ rp ထိထားတာလေ
အာ့ကြောင့် သူနဲ့ကျွန်တော်က yearတူတယ်

အဲ့ဒါအပြင်ကို တစ်မေဂျာထဲ တစ်ခန်းထဲပဲ
သူ့မိဘတွေက Tan Tharyar production ရဲ့ CEO
သူတို့ကလည်း ကျွန်တော်တို့ထက် မချမ်းသာရင်သာနေမယ် လျော့တော့ မလျော့ဘူး

သူက ကျွန်တော့်ကို အရမ်းဂရုစိုက်ပေးတယ် ညဘက် ကျွန်တော် အိပ်ချင်တဲ့အခါ သီချင်းဆိုပေးတယ်

မနက်ဆိုလည်း အမြဲနှိုးပေးတယ် ကျောင်းမှာဆိုလည်း ကျွန်တော့် အရိပ်အကဲ အရမ်းသိတယ်

ဗိုက်ဆာတယ်ဆို စားချင်တာ အဆင်သင့် ရေဆာတယ်ဆို ရေဘူးအဆင်သင့်
ဂရုစိုက်လွန်းလို့ ကျွန်တော်တို့ သူငယ်ချင်း တေးပန်ချီကတောင် မေးရှာတယ် နင်တို့ကြိုက်နေလားတဲ့

အခုလည်း သူက ကျွန်တော် မနိုးမှာစိုးလို့ နှိုးရှာတယ်
တစ်ကယ်တမ်းက ကျွန်တော် နိုးနေပါပြီ
သူ့ဖုန်းကို စောင့်နေတာပါ

အခုတော့ ကျောင်းသွားဖို့ပြင်ရဦးမယ်
ကျောင်းသွားဖို့က ရှိုင်းလာခေါ်တာဆိုတော့ သူ့ကို စောင့်မနေစေချင်

ချစ်နေရုံသာ.... Dove le storie prendono vita. Scoprilo ora