(21)(final)

1.6K 73 19
                                    

ချစ်နေရုံသာ (final)

ကိုယ်ဝန် သုံးပတ်လောက်ကတည်းက ဖြစ်လာတဲ့ morning sickness က ရှိုင်း ကို မအီမသာ ဖြစ်စေတာ အခုဆို ငယ်တောင် ကိုယ်ဝန် နှစ်လထဲ ရောက်နေပြီ ။ ပုံမှန်ဆို morning sickness က ငယ်ဖြစ်ရမှာပေမယ့် ငယ့်အစား သူခံစားရလို့ ဖြေသာသေးသည် ။

ကိုယ်တိုင် ခံစားရတာမို့ ဘယ်လောက်ထိ ပင်ပန်းလဲ ဆိုတာကို သူကိုယ်ချင်းစာနိုင်သည် ။ ငယ်သာ ဒီလိုမျိုး ခံစားရရင် သူ စိတ်မကောင်း ဖြစ်ရဦးမည် ။ ကိုယ်ဝန်စရှိတကတည်းက အခုထိ အချဉ်အစပ်ကိုသာ စားချင်နေတဲ့ ငယ့်ကို ဗိုက်ထဲက ကလေးလေးနဲ့ ခြိမ်းခြောက်ပြီး အာဟာရ ဖြစ်တာကို ရအောင်ကျွေးရသည် ။

သူစားချင်တာလေးတွေကိုလည်း အချဉ်အစပ် လျှော့ခိုင်းပြီး ကျွေးပေးရသေးသည် ။ တော်ကြာ ကိုကျွေးတာကို စားချင်စိတ် မရှိဘူး ဆိုပြီး ငြင်းလာမှာ စိုးရသည် ။ ဒီတော့လည်း တစ်ခါတစ်လေတော့ သူ့အကြိုက် လေးတွေကို ဘေးမဖြစ်စေနိုင်တဲ့ ပမာဏနဲ့ ကျွေးရသည် ။

" အစ်ကို မနက်ဖြန် မိုးကုတ်သွားမှာ မလား ငယ်လိုက်ခဲ့ချင်တယ် "

" မဖြစ်ဘူးလေ ငယ်ရယ် တောင်ပေါ်လမ်း ခရီးက ကြမ်းပါဘိနဲ့ ငယ့်ကိုယ်ဝန်နဲ့ မဖြစ်ဘူးလေ.. "

" ငယ့်ကိုယ်ဝန်က လနုပါသေးတယ် အစ်ကိုရ . ငယ် တစ်ယောက်ထဲ အိမ်မှာ မနေခဲ့ချင်ဘူး ပြီးတော့ ငယ် မိုးကုတ်ကို တစ်ခါမှလည်း မရောက်ဘူးလို့ လိုက်ချင်လို့ပါ .. အိမ်မှာနေရတာထက် ခရီးထွက်ရတော့ စိတ်လည်း အပန်းပြေတယ်လေ. ငယ်ဟိုရောက်ရင် ဘယ်မှ လျှောက်မသွားပါဘူး ကတိပေးပါတယ်.. ငယ်က ပတ္တမြားမြေကို ရောက်ဖူးချင်လို့ပါ "

" ဒါပေမယ့် ကိုက ဟိုရောက်ရင် ကျောက်တွင်းတွေကို သွားစစ်ရဦးမယ်. ပြီးရင် ပန်းချီတို့ မင်္ဂလာပွဲကိုလည်း သွားရဦးမယ်လေ စံအိမ်မှာ ငယ်နဲ့ အချိန်ပြည့် နေနိုင်မှာ မဟုတ်ဘူး ငယ်ရဲ့ "

" ရတယ် ငယ် ကျောက်တွင်းတွေစီ မလိုက်ပါဘူး ဒီတိုင်း အိမ်မှာပဲ နေမယ် တစ်ခုပဲ အစ်ကို အားတဲ့ အချိန်ကျရင်တော့ ရှုခင်းတွေ လိုက်ပြပေးပေါ့ "

" အင်းပါ ဟုတ်ပါပြီ .. ကဲ အခုတော့ ညစာစားပြီး အိပ်တော့နော် စောစောအိပ်မှ မနက်ကျ ခရီးသွားဖို့ အားပြည့်နေမှာ "

You've reached the end of published parts.

⏰ Last updated: Aug 09, 2020 ⏰

Add this story to your Library to get notified about new parts!

ချစ်နေရုံသာ.... Where stories live. Discover now